ထွက်မြောက် 24:2 - မြန်မာ့စံမီသမ္မာကျမ်း2 မောရှေတစ်ဦးတည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသူတို့မူကား မချဉ်းကပ်ရ။ လူထုတို့သည် မောရှေနှင့်အတူ မတက်လာရ”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible2 သင်တစ်ယောက်တည်းသာငါ့အနီးသို့ချဉ်းကပ် ရမည်။ အခြားသောသူတို့သည်ငါ့အနီးသို့ မချဉ်းကပ်စေရ။ လူထုမူကားတောင်ပေါ်သို့ မတက်ရ'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible2 မော ရှေ တစ် ယောက် တည်း သာ ငါ ထာ ဝ ရ ဘု ရား ထံ ချဉ်း ကပ် ရာ အ ခြား သူ တို့ ကား မ ချဉ်း မ ကပ်၊ လူ မျိုး လည်း မ လိုက် မ တက် ကြ ရ ဟု မိန့် တော် မူ သည့် အ လျောက်၊ Ver CapítuloJudson Bible2 သင်တစ်ယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူမတက်ရကြဟု မောရှေအားမိန့်တော်မူ၏။ Ver Capítulo |
ကြည့်ရှုလော့။ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့ ခြင်္သေ့တက်လာသောအခါ သားကောင်တို့ထွက်ပြေးရသကဲ့သို့ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။