Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 23:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သည်​ဖြစ်၍ တိုင်းတစ်ပါးသား​တို့​၏​ခံစားချက်​ကို သင်​တို့​သိ​ကြ​၏​။ သို့ဖြစ်၍ တိုင်းတစ်ပါးသား​တို့​အား မ​ညှဉ်းဆဲ​ရ​။

Ver Capítulo Copiar

Common Language Bible

9 ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နှင့် နေ​ထိုင်​ခဲ့​ဖူး​၍​ဧည့်​သည်​၏​ခံ​စား​ချက်​ကို သိ​သည်​ဖြစ်​သော​ကြောင့် သင်​တို့​၏​ပြည်​တွင် ဧည့်​သည်​ဖြစ်​သော​အ​ခြား​အ​မျိုး​သား​တို့ ကို​မ​ညှဉ်း​ဆဲ​နှင့်။

Ver Capítulo Copiar

Garrad Bible

9 ဝင် နေ သူ တို့ ကို မ နှိပ် စက် နှင့်။ သင် တို့ သည် အိ ဂျစ် ပြည် တွင် ဝင် နေ သူ အ ဖြစ် နေ ခဲ့ ရ ဘူး သည် နှင့် အ ညီ ဝင် နေ သူ တို့ စိတ် သ ဘော ကို သိ ကြ ၏။

Ver Capítulo Copiar

Judson Bible

9 တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ခဲ့​ဖူး​သော​ကြောင့်၊ ဧည့်​သည်​၏​စိတ်​သ​ဘော​ကို သိ​ကြ၏။

Ver Capítulo Copiar




ထွက်​မြောက် 23:9
13 Referencias Cruzadas  

သူ​တို့​သည် မုဆိုးမ​နှင့် တိုင်းတစ်ပါးသား​ကို သတ်ဖြတ်​ကြ​ပါ​၏​။ ဖတဆိုး​တို့​ကို​လည်း သတ်​၍


တစ်ရက်​၊ သို့မဟုတ် နှစ်​ရက်​အသက်ရှင်​လျှင် ထို​ကျွန်​ကို သူ​ပိုင်​သောကြောင့် အပြစ်ဒဏ်​မ​ခံရ​။


ထာဝရဘုရား​မှတစ်ပါး အခြား​သော​ဘုရား​များ​ကို ယဇ်ပူဇော်​သော​သူ​သည် လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။


သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သည်​ဖြစ်၍ တိုင်းတစ်ပါးသား​အား နိုင်ထက်စီးနင်း​မ​ပြု​ရ​၊ မ​ညှဉ်းဆဲ​ရ​။


ပြည်သား​တို့​သည်​လည်း အကျင့်ဆိုး​ကို ကျင့်​ကြ​၏​။ ခိုးဆိုးတိုက်ခိုက်​ကြ​၏​။ ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​အား နိုင်ထက်စီးနင်း​ပြု​ကြ​၏​။ တိုင်းတစ်ပါးသား​တို့​အား မတရား​နှိပ်စက်​ကြ​၏​။


မိဘ​ကို မထီလေးစားပြု​သော​သူ​များ သင့်​တွင်​ရှိ​၏​။ တိုင်းတစ်ပါးသား​တို့​ကို ဖိနှိပ်ချုပ်ချယ်​သော​သူ​များ သင့်​တွင်​ရှိ​၏​။ ဖတဆိုး​များ​၊ မုဆိုးမ​များ​ကို နိုင်ထက်စီးနင်း​ပြု​သော​သူ​များ​သင့်​တွင်​ရှိ​၏​။


သင်​တို့​ပြည်​တွင် တိုင်းတစ်ပါးသား​သည် သင်​နှင့်အတူ တည်းခိုနေထိုင်​သောအခါ သူ့​ကို နိုင်ထက်စီးနင်း​မ​ပြု​ရ​။


ငါ​သည် သင့်​ကို​သနား​သကဲ့သို့ သင်​သည်​လည်း အစေအပါး​ချင်း​ကို သနား​သင့်​သည်​မ​ဟုတ်​လော’​ဟု ဆို​၏။


သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သောကြောင့် တိုင်းတစ်ပါးသား​တို့​ကို ချစ်​ရ​မည်​။


ဧဒုံ​အမျိုးသား​သည် သင်​၏​အစ်ကို​ဖြစ်​သောကြောင့် သူ​တို့​ကို သင်​မ​ရွံမုန်း​ရ​။ အီဂျစ်​ပြည်​၌ သင်​ဧည့်သည်​ဖြစ်​ခဲ့​ဖူး​သောကြောင့် အီဂျစ်​အမျိုးသား​တို့​ကို သင်​မ​ရွံမုန်း​ရ​။


‘​တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​ရ​ထိုက်​သော တရားမျှတမှု​ကို ပိတ်ပင်​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos