Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 20:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 လူ​အပေါင်း​တို့​သည် မိုးချုန်းသံ​များ​နှင့်​တံပိုးမှုတ်သံ​ကို​ကြား​၍ လျှပ်စီး​များ​နှင့်​မီးခိုး​ထွက်​နေ​သော​တောင်​ကို တွေ့မြင်​ကြ​သောအခါ လူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​၍ အဝေး​၌​ရပ်​လျက်​နေ​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

18 လူ​အ​ပေါင်း​တို့​သည်​မိုး​ချုန်း​သံ၊ တံ​ပိုး​မှုတ်​သံ နှင့်​လျှပ်​စစ်​ပြက်​ခြင်း၊ တောင်​မှ​မီး​ခိုး​ထွက်​ခြင်း တို့​ကို​ကြား​ရ​မြင်​ရ​သော​အ​ခါ ကြောက်​ရွံ့ တုန်​လှုပ်​လျက်​အ​ဝေး​၌​ရပ်​နေ​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

18 လူ တစ် မျိုး လုံး သည်၊ မိုး ချုန်း ခြင်း၊ လျှပ် ပြက် ခြင်း၊ တံ ပိုး မှုတ် ခြင်း၊ တောင် မှ မီး ခိုး ထွက် ခြင်း များ ကို သိ မြင် သော အ ခါ၊

Ver Capítulo Copiar

Judson Bible

18 လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။

Ver Capítulo Copiar




ထွက်​မြောက် 20:18
13 Referencias Cruzadas  

နေဝင်​၍ မှောင်​လာ​သောအခါ မီးခိုး​ထွက်​နေ​သော​မီးဖို​နှင့် မီးတောက်​နေ​သော​မီးတိုင်​သည် ထို​ပိုင်း​ထား​သော​အသေကောင်​တို့​အလယ်​၌ ဖြတ်သွား​၏​။


လူ​က​လည်း “​ဥယျာဉ်​၌ ကိုယ်တော်​၏​အသံ​ကို​ကြား​၍ အကျွန်ုပ်​မှာ အဝတ်မပါ​အချည်းစည်း​ဖြစ်​သောကြောင့် ကြောက်​၍ ပုန်းကွယ်​နေ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။


သင်​သည် ဆင်းရဲဒုက္ခ​ထဲမှ​ခေါ်​သောအခါ သင့်​ကို​ငါ​ကယ်မ​ခဲ့​၏​။ မမြင်​နိုင်​သော​မိုးချုန်းသံ​ကြားမှ သင့်​ကို​ငါ​ထူး​ခဲ့​၏​။ မေရိဘ​စမ်းရေ​အနား​တွင် သင့်​ကို ငါ​စစ်ဆေး​ခဲ့​၏​။(​စေလာ)


ငါ​သည် အနီး​၌​သာ ရှိ​သော​ဘုရား​လော​။ အဝေး​၌​လည်း ရှိ​သော​ဘုရား​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ဟောရပ်​တောင်​၌ စုဝေး​သော​နေ့​တွင် သင်​က ‘​အကျွန်ုပ်​မ​သေ​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို ထပ်၍​မ​ကြား​ရ​ပါစေ​နှင့်​။ ဤ​မီးတောက်​ကြီး​ကို​လည်း ထပ်၍​မ​မြင်​ရ​ပါစေ​နှင့်​’​ဟု သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တောင်းလျှောက်​ခဲ့​သည့်​အတိုင်း


ကိုယ်တော်​သည် မိုးကောင်းကင်​မှ ပဲ့ပြင်​သော​စကားသံ​ကို သင်​တို့​အား ကြား​စေ​တော်မူ​၏​။ မြေကြီး​ပေါ်၌​လည်း သင်​တို့​အား မီးတောက်မီးလျှံ​ကြီး​ကို ပြ​တော်မူ​၍ ထို​မီး​ထဲ​မှ ကိုယ်တော်​၏​စကား​တော်​ကို သင်​တို့​ကြား​ရ​ကြ​၏​။


တောင်​တစ်တောင်လုံး မီး​တောက်လောင်​နေစဉ် အမှောင်​ထဲ​မှ​အသံ​တော်​ကို သင်​တို့​ကြား​ရ​သောအခါ သင်​တို့​မျိုးနွယ်​များ​ထဲမှ​အကြီးအမှူး​နှင့်​သက်ကြီးဝါကြီး​အပေါင်း​တို့​သည် ငါ့​ထံသို့​ချဉ်းကပ်​လာ​၍


ယခု အကျွန်ုပ်​တို့​သည် အဘယ်ကြောင့် သေ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို ထပ်၍​ကြား​ရ​လျှင် သေ​ရ​ပါ​လိမ့်မည်​။ အကြောင်းမူကား ဤ​မီးတောက်​ကြီး​သည် အကျွန်ုပ်​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။


သင်​သာ ချဉ်းကပ်​၍ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​အရာ​ရှိသမျှ​တို့​ကို နားထောင်​၍ သင့်​အား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်ဆို​သော​အရာ​ရှိသမျှ​တို့​ကို အကျွန်ုပ်​တို့​အား ဆင့်ဆို​ပါ​။ အကျွန်ုပ်​တို့​သည် နားထောင်​၍ လိုက်နာ​ပါ​မည်​’​ဟု ဆို​ကြ​၏​။


ထို​အချိန်​၌ သင်​တို့​သည် မီး​ကို​ကြောက်​၍ တောင်​ပေါ်သို့​မ​တက်ဝံ့​ကြ​သောကြောင့် ငါ​သည် ထာဝရဘုရား​နှင့်​သင်​တို့​ကြား၌ ရပ်​လျက် ထာဝရဘုရား​၏​စကား​တော်​ကို သင်​တို့​အား ပြန်​ပြောပြ​ခဲ့​၏​။ မိန့်​တော်မူ​သော​စကား​မှာ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos