ထွက်မြောက် 19:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထိုသူကို လက်ဖြင့်မထိဘဲ စင်စစ်ခဲနှင့်ပေါက်သတ်ရမည်။ သို့မဟုတ် မြားနှင့်ပစ်သတ်ရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အသက်မရှင်ရ။ သိုးချိုကို သံရှည်ဆွဲ၍မှုတ်မှသာ လူတို့သည် ဤတောင်သို့လာကြရမည်”ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible13 ထိုသူကိုမည်သူမျှလက်နှင့်မထိရဘဲ ကျောက်ခဲနှင့်ဖြစ်စေ၊ မြားနှင့်ဖြစ်စေပစ်၍ သတ်ရမည်။ အဆိုပါပညတ်ချက်ကိုကူး လွန်ခဲ့လျှင်လူသော်လည်းကောင်း၊ တိရစ္ဆာန် သော်လည်းကောင်းသေဒဏ်ခံရမည်။ တံပိုး မှုတ်သံကိုကြားရသောအခါလူတို့သည် တောင်သို့လာရကြမည်'' ဟုမိန့်တော်မူ ၏။ Ver CapítuloGarrad Bible13 တောင် ကို ထိ မိ သူ မည် သည် ကား အ သေ ခံ စေ။ ထို သူ့ ကို လက် နှင့် မ ထိ ရ ဘဲ ကျောက် ခဲ နှင့် သော် လည်း ကောင်း၊ မြှား နှင့် သော် လည်း ကောင်း၊ ပစ် သတ် ရ မည်။ လူ ဖြစ် စေ၊ တိ ရ စ္ဆာန် ဖြစ် စေ၊ အ သက် မ ရှင် စေ ရ။ သိုး ချို တံ ပိုး မှုတ် မှ သာ တောင် ကို တက် ကြ ရ မည် ဟု မော ရှေ အား မိန့် တော် မူ ၏။ Ver CapítuloJudson Bible13 ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရကြမည်ဟု မောရှေအား မိန့်တော်မူ၏။ Ver Capítulo |
သို့သော် နောက်ဆုံးသောတံပိုးခရာမှုတ်ချိန်၌ မျက်စိတစ်မှိတ်အတွင်း တစ်ခဏချင်းတွင် ငါတို့အားလုံးသည် ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။ အကြောင်းမူကား တံပိုးခရာမှုတ်သောအခါ သေလွန်သောသူတို့သည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရကြလိမ့်မည်။ ငါတို့သည်လည်း ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။