Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 18:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို့ကြောင့် ယေသရော​က “​သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ ဖာရော​မင်းကြီး​၏​လက်​မှ​လည်းကောင်း ကယ်နုတ်​တော်မူ​သော​အရှင်​၊ အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​၏​လက်​အောက်​မှ ကယ်နုတ်​တော်မူ​သော​အရှင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။

Ver Capítulo Copiar

Common Language Bible

10 ယေ​သ​ရော​က``အီ​ဂျစ်​အ​မျိုး​သား​တို့​နှင့် အီ​ဂျစ်​ဘု​ရင်​၏​လက်​မှ သင်​တို့​ကို​ကယ်​တင် တော်​မူ​သော​ထာ​ဝ​ရဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကျွန်​ဘ​ဝ​မှ​မိ​မိ​လူ​မျိုး တော်​အား ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။-

Ver Capítulo Copiar

Garrad Bible

10 သင် တို့ ကို အိ ဂျစ် လူ များ နှင့် ဖာ ရော မင်း လက် မှ ကယ် လွှတ် တော် မူ သော ဘု ရား၊ လူ မျိုး တော် ကို ပင် အိ ဂျစ် လူ တို့ လက် အောက် မှ ကယ် လွှတ် တော် မူ သော ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ စေ သ တည်း။

Ver Capítulo Copiar

Judson Bible

10 အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လည်း​ကောင်း၊ ဖာ​ရော​ဘု​ရင်​လက်​မှ​လည်း​ကောင်း၊ သင့်​ကို​ကယ်​နုတ်​တော်​မူ​ထ​သော၊ လူ​များ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

Ver Capítulo Copiar




ထွက်​မြောက် 18:10
16 Referencias Cruzadas  

သင်​၏​ရန်သူ​တို့​ကို သင့်​လက်​သို့ အပ်နှံ​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​”​ဟု မြွက်ဆို​လေ​၏​။ အာဗြံ​သည်​လည်း ရှိသမျှ​သော​အရာ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သူ့​အား​ပေးလှူ​၏​။


“​အကျွန်ုပ်​သခင်​အာဗြဟံ​ထံမှ မေတ္တာကရုဏာ​တော်​နှင့်​သစ္စာ​တော်​ကို ရုပ်သိမ်း​တော်​မ​မူ​သော အကျွန်ုပ်​သခင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ အကျွန်ုပ်​သခင်​၏​ဆွေမျိုးသားချင်း​အိမ်​သို့ သွား​သော​လမ်းခရီး​၌ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ပို့ဆောင်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။


အဟိမတ်​က​လည်း ရှင်ဘုရင်​အား “​ချမ်းမြေ့​ပါစေ​”​ဟု နှုတ်ခွန်းဆက်သ​ပြီးလျှင် ရှင်ဘုရင်​ရှေ့ မြေ​ပေါ်တွင်​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​သော​သူ​တို့​အား ရှုံးနိမ့်​စေ​တော်မူ​သော အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​”​ဟု လျှောက်​လေ​၏​။


“​အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား နှုတ်​ကတိထား​တော်မူ​ခဲ့​သည်​ကို လက်တွေ့ ပြည့်စုံ​စေ​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်းထောမနာ​ပြု​ပါ​၏​။


“​ကတိ​တော်​အလုံးစုံ​နှင့်အညီ မိမိ​လူမျိုး​တော်​အစ္စရေး​တို့​အား အေးချမ်းသာယာမှု​ကို ပေးသနား​တော်မူ​သော ထာဝရဘုရား​သည် မင်္ဂလာ​ရှိ​ပါစေသော​။ ကိုယ်တော်​၏​အစေအပါး​မောရှေ​အား မိန့်မှာ​ထား​ခဲ့​သည့် ကောင်းမြတ်​သော​ကတိ​တော်​များ တစ်စုံတစ်ခု​မျှ​မ​ပျက်ယွင်း​ပါ​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​သည် ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင် မင်္ဂလာရှိ​ပါစေသော​။ အာမင်​နှင့် အာမင်​။


“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် မင်္ဂလာရှိ​ပါစေသော။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ရွေးနုတ်​ကယ်တင်​ခြင်း​ကျေးဇူး​ကို​ပြု​တော်မူ​ပြီး


အထက်​ကောင်းကင်​အရပ်​တွင်​ရှိ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ကောင်းချီး​မင်္ဂလာ​အပေါင်း​တို့​ဖြင့် ငါ​တို့​ကို ခရစ်တော်​၌ ကောင်းချီး​ပေး​တော်မူ​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။


ငါ​တို့​၏​ဘုရားသခင်​ရှေ့​တော်​၌ သင်​တို့​ကြောင့် ငါ​တို့​ခံစားရ​သော ဤ​ဝမ်းမြောက်​ခြင်း​အားလုံး​ကို​ထောက်​၍ သင်​တို့​အတွက် ဘုရားသခင်​ကို မည်ကဲ့သို့​ကျေးဇူး​တုံ့ပြန်​နိုင်​ပါ​မည်နည်း။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ ကိုယ်တော်​သည် မိမိ​၏​ကြီးမြတ်​သော​ကရုဏာ​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ငါ​တို့​ကို အသက်ရှင်​သော​မျှော်လင့်​ခြင်း​ထဲသို့​လည်းကောင်း၊


ရှောလု​မင်းကြီး​က ကေနိ​လူမျိုး​တို့​အား “​အာမလက်​လူမျိုး​တို့​ထံ​မှ ဝေး​စွာ​ထွက်သွား​လော့​။ သို့မဟုတ်လျှင် သင်​တို့​ကို သူ​တို့​နှင့်အတူ ဖျက်ဆီး​မိ​လိမ့်မည်​။ အစ္စရေး​အမျိုးသား​အပေါင်း​တို့ အီဂျစ်​ပြည်​မှ ထွက်လာ​စဉ်က သင်​တို့​သည် သူ​တို့​အား​မေတ္တာကရုဏာ​ကို ပြသ​ခဲ့​ပြီ​”​ဟု ဆို​သဖြင့် ကေနိ​လူမျိုး​တို့​သည် အာမလက်​လူမျိုး​တို့​ထံ​မှ ထွက်သွား​ကြ​၏​။


ထိုအခါ ဒါဝိဒ်​က အဘိဂဲလ​အား “​ယနေ့ သင်​နှင့်​ငါ တွေ့ဆုံ​ရန် သင့်​ကို​စေလွှတ်​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos