Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 15:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 နက်ရှိုင်း​သော​ရေထု​သည် သူ​တို့​ကို​ဖုံးလွှမ်း​လေ​ပြီ​။ သူ​တို့​သည် ကျောက်တုံး​သဖွယ် ရေနက်​ရာ​ထဲသို့ နစ်မြုပ်​သွား​ရ​လေ​ပြီ​။

Ver Capítulo Copiar

Common Language Bible

5 ပင်​လယ်​ရေ​နက်​က​သူ​တို့​ကို​ဖုံး​အုပ်​လျက် သူ​တို့​သည်​ကျောက်​တုံး​ကဲ့​သို့၊အောက်​သို့ စုံး​စုံး​မြုပ်​ကြ​၏။

Ver Capítulo Copiar

Garrad Bible

5 သ မု ဒ္ဒ ရာ လွှမ်း မိုး သ ဖြင့် သူ တို့ သည် နက် ရှိုင်း ရာ သို့ ကျောက် တုံး သ ဖွယ် နစ် သွား ကြ ၏။

Ver Capítulo Copiar

Judson Bible

5 နက်​စွာ​သော​အ​ရပ်၌ လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ကျောက်​ကဲ့​သို့ အောက်​သို့​ဆင်း​ကြ၏။

Ver Capítulo Copiar




ထွက်​မြောက် 15:5
12 Referencias Cruzadas  

သူ​တို့​ရှေ့​၌​ပင် ကိုယ်တော်​သည် ပင်လယ်​ကို​ခွဲ​တော်မူ​၍ ပင်လယ်​အလယ် ခြောက်သွေ့​သော​မြေ​ပေါ်တွင် သူ​တို့​ကို ဖြတ်ကူး​စေ​၏​။ သူ​တို့​ကို လိုက်​သော​သူ​တို့​အား ကျောက်တုံး​ကို ရေနက်​ထဲ​ပစ်ချ​သကဲ့သို့ ပင်လယ်နက်​ထဲသို့​ပစ်ချ​တော်မူ​၏​။


ရေ​သည် သူ​တို့​၏​ရန်သူ​များ​ကို​ဖုံးလွှမ်း​သဖြင့် ရန်သူ​ထဲတွင် အသက်ရှင်​ကျန်ရစ်​ခဲ့​သူ​တစ်​ဦး​မျှ​မ​ရှိ​ပေ​။


အစ္စရေး​အမျိုးသား​တို့​နောက်မှ ပင်လယ်​ထဲသို့​လိုက်ဝင်​ကြ​သော စစ်ရထား​များ​နှင့်​မြင်းစီးသူရဲ​များ စသည့် ဖာရော​မင်းကြီး​၏​စစ်တပ်​တစ်တပ်လုံး​အပေါ်​သို့ ရေ​ပြန်စီး​လာ​ပြီး သူ​တို့​ကို ဖုံးလွှမ်း​သဖြင့် တစ်စုံတစ်ယောက်​မျှ မ​ကျန်ရစ်​ပေ​။


ကိုယ်တော်​သည် လေ​ကို​ရှူထုတ်​လိုက်​ရာ ပင်လယ်​ရေ​သည် သူ​တို့​ကို​ဖုံးလွှမ်း​၍ ရေထု​အောက်​သို့ ခဲသတ္တု​သဖွယ်​နစ်မြုပ်​သွား​လေ​၏​။


ကြောက်ရွံ့​ထိတ်လန့်ဖွယ်ဘေး​တို့​သည် သူ​တို့​အပေါ်​သို့​ကျရောက်​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လူမျိုး​တော်​တို့​ကျော်လွန်​သွား​သည်​အထိ​၊ ကိုယ်တော်​ဝယ်ယူ​တော်မူ​သော​လူမျိုး​တော်​တို့ ကျော်လွန်​သွား​သည်​အထိ ကိုယ်တော်​၏​ကြီးမား​သော​လက်ရုံး​တော်​ကြောင့် သူ​တို့​သည် ကျောက်တုံး​ကဲ့သို့ တိတ်ဆိတ်​နေ​ကြ​လိမ့်မည်​။


နက်ရှိုင်း​သော​ရေထု​များ​မ​ရှိ​မီ​၊ ရေ​နှင့်​ပြည့်လျှံ​သော​စမ်းရေတွင်း​များ​မ​ဖြစ်ပေါ်​မီ ငါ့​ကို​ဖြစ်တည်​စေ​တော်မူ​ပြီ​။


ယခုတွင် သမုဒ္ဒရာ​သည် သင့်​ကို​ရိုက်ချိုး​လေ​ပြီ​။ သင်​၏​ကုန်စည်​နှင့် သင်​၌​ရှိ​သော​လူ​အပေါင်း​တို့​သည် နက်ရှိုင်း​သော​သမုဒ္ဒရာ​ထဲ​တွင် နစ်မြုပ်​သွား​ကြ​လေ​ပြီ​။


“​အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲတွင် ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ကိုယ်တော်​နားညောင်း​တော်မူ​၏​။ မရဏာနိုင်ငံ​တွင်းနက်​ထဲမှ အကျွန်ုပ်​အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ အကျွန်ုပ်​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို သနားစုံမက်​တော်မူ​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို နင်းချေ​တော်မူ​မည်​။ အပြစ်​ရှိသမျှ​ကို​လည်း ပင်လယ်​ရေနက်​ရာ​ထဲသို့ ပစ်ချ​တော်မူ​မည်​။


သို့သော် ငါ့​ကို​ယုံကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သော​သူ​သည် ကြီးမား​သော​ကြိတ်ဆုံ​ကျောက်​ကို သူ့​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​၏​ရေနက်ရာ​တွင် နှစ်မြှုပ်​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။


ထို့နောက် ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကြီးမား​သည့်​ကြိတ်ဆုံ​ကဲ့သို့သော​ကျောက်တုံး​တစ်​တုံး​ကို​ချီယူ​၍ ပင်လယ်​ထဲသို့​ပစ်ချ​ကာ “ဘေဘီလုံ​မြို့​ကြီး​သည် ဤကဲ့သို့ ကြမ်းတမ်း​စွာ​ပစ်ချ​ခြင်း​ကို​ခံရ​၍ လုံးဝ​တွေ့​ရ​တော့​မည်​မ​ဟုတ်။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos