ထွက်မြောက် 15:14 - မြန်မာ့စံမီသမ္မာကျမ်း14 လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။ Ver CapítuloCommon Language Bible14 လူမျိုးအပေါင်းတို့သည်ထိုသတင်းကိုကြား၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ ဖိလိတ္တိအမျိုးသားတို့သည်ထိတ်လန့်ကြ၏။ Ver CapítuloGarrad Bible14 လူ မျိုး များ သည် သ တင်း ကြား၍ တုန် လှုပ် ကြ၏။ ဖိ လိ တ္တိ ပြည် သူ ပြည် သား တို့ သည် နာ ကျင် ခြင်း ဝေ ဒ နာ ခံ ရ ကြ ၏။ Ver CapítuloJudson Bible14 လူမျိုးတို့သည်သတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ရောက်ကြလိမ့်မည်။ Ver Capítulo |
ဤပြည်၌နေထိုင်သောသူတို့အား ပြောပြကြပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးအလယ်၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်ကို ကိုယ်တိုင်မြင်ရ၍ ကိုယ်တော်၏မိုးတိမ်သည် သူတို့အပေါ်၌တည်လျက် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်အားဖြင့် ကိုယ်တော်သည် သူတို့၏ရှေ့မှ ကြွတော်မူကြောင်းကိုလည်းကောင်း ဤပြည်သားတို့ကြားထားကြပါပြီ။
သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။