ထွက်မြောက် 14:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထိုသို့ မိုးတိမ်သည် အီဂျစ်တပ်နှင့် အစ္စရေးတပ်ကြားသို့ရောက်၍ တစ်ဖက်၌အမှောင်ကိုဖြစ်စေပြီး တစ်ဖက်၌ညအချိန်တွင် အလင်းကိုပေး၏။ ထို့ကြောင့် တစ်ညလုံး တစ်ဖက်နှင့်တစ်ဖက်မချဉ်းကပ်နိုင်ကြ။ Ver CapítuloCommon Language Bible20 အီဂျစ်တပ်နှင့်ဣသရေလတပ်တို့အကြား သို့ရောက်ရှိလေ၏။ မိုးတိမ်တိုင်သည်အီဂျစ် အမျိုးသားတို့ဘက်တွင်အမှောင်ကျစေ၍ ဣသရေလအမျိုးသားတို့ဘက်တွင်မူ အလင်းရောင်ရစေ၏။ သို့ဖြစ်၍ထိုည တစ်ညလုံးတစ်တပ်နှင့်တစ်တပ်မချဉ်း ကပ်နိုင်ကြချေ။ Ver CapítuloGarrad Bible20 ထို သို့ အိ ဂျစ် တပ် နှင့် ဣ သ ရေ လ တပ် ကြား တွင် ဝင် ရောက် ပြီး မှ ညဉ့် အ ခါ လင်း စေ လျက် ပင် တိမ် တိုက် နှင့် တ ကွ မှောင် ကျ သ ဖြင့် တစ် ညဉ့် ပတ် လုံး တစ် တပ် နှင့် တစ် တပ် မ ချဉ်း ရာ။ Ver CapítuloJudson Bible20 ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ရောက်လျှင်၊ အဲဂုတ္တုလူတို့၌ မိုက်သောမိုးတိမ်ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကိုပေးလျက်နေသဖြင့်၊ တစ်ညလုံး တပ်တစ်ဦးနှင့် တစ်ဦးမချဉ်းနိုင်ရာ။ Ver Capítulo |
ထိုအခါ သူတို့သည် ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်ကြသဖြင့် ငါသည် သင်တို့နှင့်အီဂျစ်လူမျိုးတို့ကြား၌ အမှောင်ထု ခြားစေ၏။ အီဂျစ်လူမျိုးတို့ကို ပင်လယ်ရေလွှမ်းမိုးသွားစေ၏။ အီဂျစ်လူမျိုးတို့အား ငါ ဒဏ်ခတ်ခဲ့သည်ကို သင်တို့ကိုယ်တိုင်မျက်စိဖြင့်မြင်ခဲ့ကြ၏။ ထို့နောက်မှ သင်တို့သည် တောကန္တာရ၌ ကာလကြာမြင့်စွာနေထိုင်ကြရ၏။