ထွက်မြောက် 12:28 - မြန်မာ့စံမီသမ္မာကျမ်း28 ထို့နောက် မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည်သွား၍ တစ်သဝေမတိမ်းပြုကြ၏။ Ver CapítuloCommon Language Bible28 ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။ Ver CapítuloGarrad Bible28 မော ရှေ နှင့် အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သည့် အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ သည် သွား ၍ ပြု ကြ ကုန် ၏။ Ver CapítuloJudson Bible28 ထိုသို့ မောရှေနှင့်အာရုန်တို့ကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ Ver Capítulo |
သင်တို့ကလည်း ‘ဤအစဉ်အလာကား အီဂျစ်လူမျိုးတို့ကိုဒဏ်ခတ်သောအခါ အီဂျစ်ပြည်၌ရှိသော အစ္စရေးအမျိုးသားတို့၏အိမ်များကိုကျော်သွား၍ ငါတို့၏အိမ်သူအိမ်သားများကိုကယ်နုတ်တော်မူသောထာဝရဘုရားအား ယဇ်ပူဇော်သည့်ပသခါပွဲဖြစ်၏’ဟူ၍ ပြန်ပြောရမည်”ဟု ဆင့်ဆိုသောအခါ လူတို့သည် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
အစ္စရေးအမျိုးသားတို့ကလည်း ယောရှုမိန့်မှာသည့်အတိုင်းပြုကြ၏။ သူတို့သည် ယောရှုအား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးအမျိုးသားတို့၏မျိုးနွယ်အရေအတွက်နှင့်အညီ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ဂျော်ဒန်မြစ်လယ်မှယူပြီး မိမိတို့စခန်းချသောနေရာသို့ထမ်းလာ၍ ထိုနေရာ၌ထားကြ၏။