ထွက်မြောက် 12:25 - မြန်မာ့စံမီသမ္မာကျမ်း25 သင်တို့အားပေးမည်ဟု ထာဝရဘုရားကတိထားသောပြည်သို့ သင်တို့ဝင်ရောက်ကြသောအခါ သင်တို့သည် ဤအစဉ်အလာကို စောင့်ထိန်းရမည်။ Ver CapítuloCommon Language Bible25 ထာဝရဘုရားကတိထားတော်မူသော ပြည်သို့ သင်တို့ဝင်ရောက်ကြသောအခါ ဤဝတ်ကိုပြုရမည်။- Ver CapítuloGarrad Bible25 က တိ တော် ရှိ သည် အ တိုင်း ထာ ဝ ရ ဘု ရား ပေး တော် မူ လ တ္တံ့ သော ပြည် သို့ သင် တို့ ရောက်၍ လည်း ဤ ဝတ် ကို ပြု ကြ ရ သ ဖြင့်၊ Ver CapítuloJudson Bible25 ကတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားပေးတော်မူလတ္တံ့သောပြည်သို့ သင်တို့သည်ရောက်ကြသောအခါ ဤဝတ်ကိုပြုရမည်။ Ver Capítulo |
ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့် နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူသောအခါ သင်တို့သည် ဤလ၌ ဤပွဲကို ကျင်းပရမည်။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။