ထွက်မြောက် 12:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။ Ver CapítuloCommon Language Bible14 ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible14 ဤ နေ့ ရက် သည် သင် တို့ ထိမ်း မှတ် ဖွယ် ရာ ဖြစ် ၍ ငါ ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ပွဲ အ ဖြစ် ကျင်း ပ ကြ ရ မည်။ အ မြဲ ထုံး ဖွဲ့ သည် နှင့် အ ညီ သင် တို့ အ မျိုး အ စဉ် အ ဆက် မ ပြတ် ကျင်း ပ ကြ ရ မည်။ Ver CapítuloJudson Bible14 ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဖို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအားပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကိုအစဉ်အမြဲခံရကြမည်။ Ver Capítulo |
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။