ထွက်မြောက် 10:26 - မြန်မာ့စံမီသမ္မာကျမ်း26 အကျွန်ုပ်တို့သည် ထာဝရဘုရားအား မည်သည့်အကောင်ဖြင့်ပူဇော်ရမည်ကို ထိုအရပ်သို့မရောက်မီ မသိနိုင်ပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရန် ထိုအကောင်တို့ထဲမှ ရွေးယူရမည်ဖြစ်သောကြောင့် အကျွန်ုပ်တို့၏တိရစ္ဆာန်များ တစ်ကောင်မျှမကျန် အကျွန်ုပ်တို့နှင့်အတူပါသွားရမည်”ဟု လျှောက်လေ၏။ Ver CapítuloCommon Language Bible26 ထို့ကြောင့်ကျွန်ုပ်တို့၏တိရစ္ဆာန်များကို တစ်ကောင် မကျန်ယူဆောင်သွားရပါမည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုရွေး၍ ထာဝရဘုရားအား ပူဇော်ရပါမည်။ သို့ရာတွင်ထိုအရပ်သို့ရောက် မှမည်သည့်အကောင်ကိုရွေး၍ ပူဇော်ရမည် ကိုသိနိုင်ပါမည်'' ဟုလျှောက်လေ၏။ Ver CapítuloGarrad Bible26 ကျွန် တော် တို့ တိ ရ စ္ဆာန် များ အ နက် လည်း ထာ ဝ ရ ဘု ရား အား ဝတ် ပြု ရန် ရွေး ချယ် ရ မည် ဖြစ်၍ ၎င်း တို့ ပါ ထွက် သွား ကြ ပါ မည်။ ခွာ မျှ မ ချန် နိုင် ပါ။ မည် သည့် အ ရာ နှင့် ထာ ဝ ရ ဘု ရား အား ဝတ် ပြု ရ မည် ကို ထို အ ရပ် သို့ မ ရောက် မီ အ တွင်း မ သိ ကြ ပါ ဟု လျှောက် ဆို ၏။ Ver CapítuloJudson Bible26 ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုဆောင်သွားရမည်။ တစ်ကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဖို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မီ မသိပါဟုဆိုလေသော်၊ Ver Capítulo |