Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 10:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​ကို​ဆင့်ခေါ်​၍ “​ထာဝရဘုရား​အား ဝတ်ပြု​ရန်​သွား​ကြ​လော့​။ သို့သော် သင်​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​ကို ထားခဲ့​ရ​မည်​။ သင်​တို့​၏​ကလေး​များ​မူကား သင်​တို့​နှင့်အတူ​သွား​နိုင်​သည်​”​ဟု ဆို​လေ​၏​။

Ver Capítulo Copiar

Common Language Bible

24 ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​ကို​ခေါ်​၍``ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ​လော့။ သင်​တို့ ၏​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​ကို​လည်း သင်​တို့​နှင့်​အ​တူ​သွား​ကြ​စေ။ သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​များ​ကို​သာ​ထား​ခဲ့​ကြ​လော့'' ဟု ဆို​လေ​၏။

Ver Capítulo Copiar

Garrad Bible

24 ထို အ ခါ ဖာ ရော မင်း သည် မော ရှေ ကို ခေါ် ပြီး လျှင်၊ သွား ၍ ထာ ဝ ရ ဘု ရား အား ဝတ် ပြု ကြ လော့။ သူ ငယ် များ လည်း လိုက် ကြ စေ။ သိုး နွား များ ကို ကား ထား ခဲ့ ကြ စေ ဟု မိန့် ဆို လျှင်၊

Ver Capítulo Copiar

Judson Bible

24 ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်၍ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ခြင်း​ငှာ​သွား​ကြ​လော့။ သို့​ရာ​တွင် သိုး​နွား​များ​ကို​ထား​ခဲ့​ကြ​စေ။ သူ​ငယ်​များ​ကို ခေါ်​ကြ​စေ​ဟု မိန့်​တော်​မူ​၏။

Ver Capítulo Copiar




ထွက်​မြောက် 10:24
7 Referencias Cruzadas  

ထိုအခါ သူ​တို့​၏​သိုးနွား​များ​မှစ၍ သူ​တို့​၏​ဥစ္စာ​နှင့်​တိရစ္ဆာန်​ရှိသမျှ​တို့​သည် ငါ​တို့​ဥစ္စာ​ဖြစ်လာ​မည်​မ​ဟုတ်​လော​။ သူ​တို့​နှင့်​လိုက်လျော​သဘောတူ​ကြ​စို့​။ သို့ပြုလျှင် သူ​တို့​သည် ငါ​တို့​နှင့်အတူ​နေထိုင်​ကြ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။


မောရှေ​က​လည်း “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ပူဇော်​ရန် ယဇ်ကောင်​များ​နှင့် မီးရှို့ရာယဇ်​များ​ကို အရှင်​သည် အကျွန်ုပ်​တို့​အား ယူသွား​ခွင့်​ပြု​ရ​မည်​။


ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​ကို​ခေါ်​၍ “​သွား​ကြ​လော့​။ ဤ​ပြည်​၌​သာ သင်​တို့​၏​ဘုရားသခင်​အား ယဇ်ပူဇော်​ကြ​လော့​”​ဟု ဆို​လေ​၏​။


ဖာရော​မင်းကြီး​က​လည်း “​တောကန္တာရ​ထဲ၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် သင်​တို့​ကို ငါ​လွှတ်ပေး​မည်​။ သို့ရာတွင် ဝေးဝေး​မ​သွား​ရ​။ ငါ့​အတွက်​လည်း​ဆုတောင်း​ပေး​ကြ​လော့​”​ဟု ဆို​လေ​၏​။


ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို​ခေါ်​၍ “​ငါ​နှင့်​ငါ​၏​လူ​တို့​ထံမှ ဖား​များ​ကို​ဖယ်ရှား​ပေး​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​လော့​။ သို့ပြုလျှင် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် အစ္စရေး​လူ​တို့​ကို​ငါ​လွှတ်ပေး​မည်​”​ဟု ဆို​လေ​၏​။


ဘုရားသခင်​ထံမှ မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကျ​ခြင်း​မှာ တော်လောက်​ပါ​ပြီ​။ ထာဝရဘုရား​ထံ​ဆုတောင်း​ပေး​ပါ​လော့​။ သင်​တို့​ကို ဆက်၍​မ​နေ​စေ​ဘဲ သင်​တို့​ကို ငါ​လွှတ်ပေး​မည်​”​ဟု ဆို​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos