ထွက်မြောက် 1:7 - မြန်မာ့စံမီသမ္မာကျမ်း7 သို့ရာတွင် အစ္စရေးအမျိုးသားတို့သည် တိုးပွားသည်ထက်တိုးပွားလာကြ၏။ ထိုသို့ တိုးပွားလာကြသဖြင့် လူဦးရေများသည်ထက်များလာ၍ တစ်ပြည်လုံး သူတို့နှင့် ပြည့်လေ၏။ Ver CapítuloCommon Language Bible7 သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။ Ver CapítuloGarrad Bible7 ဣ သ ရေ လ အ မျိုး သား တို့ သည် ပေါက် ပွား များ ပြား အင် အား ကြီး မား၍ တစ် ပြည် လုံး ပြည့် ကြ ကုန် ၏။ Ver CapítuloJudson Bible7 ဣသရေလအမျိုးသားတို့သည် သားကိုဖွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တစ်ပြည်လုံး၌ နှံ့ပြားကြလေ၏။ Ver Capítulo |
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
ထို့ကြောင့် သူသည် ထိုအရပ်မှရွှေ့ပြောင်း၍ အခြားသောရေတွင်းကိုတူး၏။ ထိုရေတွင်းအတွက်ကြောင့် ရန်မတွေ့ကြတော့သဖြင့် သူက “အကယ်စင်စစ် ထာဝရဘုရားသည် ငါတို့နေရာကို ယခုကျယ်ဝန်းစေတော်မူသည်ဖြစ်၍ ငါတို့သည် ဤပြည်၌ပွားများကြလိမ့်မည်”ဟု ဆိုလျက် ထိုရေတွင်း၏အမည်ကို ရဟောဘုတ် ဟုခေါ်၏။
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။