ထွက်မြောက် 1:17 - မြန်မာ့စံမီသမ္မာကျမ်း17 သို့သော် ဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သဖြင့် သူတို့အား အီဂျစ်ဘုရင်အမိန့်ပေးသည့်အတိုင်းမပြုဘဲ ယောက်ျားလေးများကို အသက်ချမ်းသာပေးကြ၏။ Ver CapítuloCommon Language Bible17 သို့ရာတွင်ဝမ်းဆွဲအမျိုးသမီးတို့သည် ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ဘုရင်၏အမိန့်ကိုမနာခံဘဲယောကျာ်းကလေးများကိုအသက်ချမ်းသာစေကြ၏။- Ver CapítuloGarrad Bible17 လက် သည် တို့ သည် ဘု ရား သ ခင် ကို ခန့် ညား၍ အိ ဂျစ် ဘု ရင့် အ မိန့် အ တိုင်း မ ပြု ဘဲ၊ သား ယောက်ျား တို့ ကို လည်း အ သက် ချမ်း သာ ပေး ကြ သည့် အ တွက်၊ Ver CapítuloJudson Bible17 ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ၏။ Ver Capítulo |
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”
သူ့အနား၌ရပ်နေသောခြေမြန်တော်တို့အား “လှည့်၍ ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့ကို သတ်ကြလော့။ သူတို့သည် ဒါဝိဒ်ဘက်သားဖြစ်၏။ ဒါဝိဒ် ထွက်ပြေးတိမ်းရှောင်သည်ကို သိလျက်ပင် ငါ့အား အကြောင်းမကြားကြ”ဟု မိန့်ဆို၏။ သို့သော် ရှင်ဘုရင်၏အမှုထမ်းတို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့ကို ကွပ်မျက်ရန် လက်ကို မရွယ်လိုကြပေ။