Biblia Todo Logo
La Biblia Online
- Anuncios -




တ​ရား​ဟော 9:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သင်​တို့​ကို အပြစ်​ဖြစ်စေ​သည့် သင်​တို့​သွန်းလုပ်​သော​နွားသငယ်ရုပ်တု​ကို ငါ​ယူ​၍ မီး​ရှို့​ပစ်​ပြီး မြေမှုန့်​ကဲ့သို့ ညက်ညက်ကြေ​သည်​အထိ ကြိတ်ချေ​ပြီးလျှင် ထို​အမှုန့်​ကို တောင်​ထဲမှ​စီးထွက်​လာ​သည့်​ချောင်း​ထဲသို့ ပစ်ချ​လိုက်​၏​။

Ver Capítulo Copiar

Common Language Bible

21 ငါ​သည်​သင်​တို့​အား​အ​ပြစ်​ရောက်​စေ​သည့် နွား​ရုပ်​တု​ကို မီး​ထဲ​သို့​ပစ်​ချ​လိုက်​၏။ ထို့ နောက်​နွား​ရုပ်​တု​ကို​အ​မှုန့်​ဖြစ်​အောင်​ထု ထောင်း​၍ အ​မှုန့်​ကို​တောင်​ကျ​ချောင်း​ထဲ​သို့ သွန်း​ချ​ခဲ့​၏။''

Ver Capítulo Copiar

Garrad Bible

21 ချင်း တို့ ပြစ် မှု တည်း ဟူ သော နွား ရုပ် ကို ယူ၍၊ ကြို ချက် လျက် မုန့် မုန့် ကြေ ထောင်း ထု ချေ မွ ပြီး မှ တောင် ပေါ် က စီး ဆင်း သော ချောင်း ရေ တွင် ထို အ မုန့် ကို ငါ သွန် ပစ် လေ ၏။

Ver Capítulo Copiar

Judson Bible

21 သင်​တို့​ဒု​စ​ရိုက်​တည်း​ဟူ​သော သင်​တို့​လုပ်​သော နွား​သ​ငယ်​ကို​ငါ​ယူ​သ​ဖြင့် အ​ရည်​ကျို၍၊ အ​မှုန့်​ဖြစ်​အောင် ညက်​ညက်​ချေ​ပြီး​လျှင်၊ တောင်​ထဲ​က​ထွက်​သော ချောင်း​ရေ​ပေါ်​မှာ ချ​ပစ်​လေ၏။

Ver Capítulo Copiar




တ​ရား​ဟော 9:21
9 Referencias Cruzadas  

အာရှရ​နတ်ဘုရားမ​ရုပ်တု​ကို ပြုလုပ်​ကိုးကွယ်​သော အဘွား​တော်​မာခါ​ကို​လည်း မယ်တော်​မိဖုရား​အရာ​မှ​နုတ်ပယ်​ပစ်​ပြီး ထို​ရုပ်တု​ကို​ခုတ်လှဲ​ကာ ကေဒြုန်​ချိုင့်ဝှမ်း​တွင် မီးရှို့​ပစ်​လေ​၏​။


ယဇ်ပလ္လင်​များ​ကို ဖြိုချ​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​နှင့် ရုပ်တုဆင်းတု​များ​ကို​လည်း ခြေမွှဖျက်ဆီး​ပစ်​၏​။ အစ္စရေး​ပြည်​တစ်ပြည်လုံး​ရှိ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​အားလုံး​တို့​ကို​လည်း တစ်စစီ​ချိုးဖဲ့​ပစ်​ပြီး ဂျေရုဆလင်​မြို့​သို့ ပြန်လာ​လေ​၏​။


ထို​သူ​တို့​ပြုလုပ်​ထား​သော နွားသငယ်ရုပ်တု​ကို​လည်း ယူ​၍ မီး​ရှို့​အမှုန့်​ကြိတ်​ပြီးလျှင် ရေ​ပေါ်သို့​ကြဲ​၍ အစ္စရေး​အမျိုးသား​တို့​ကို သောက်​စေ​၏​။


သင်​တို့​သည် ငွေ​ဖြင့်​မွမ်းမံ​သော​ရုပ်တု​၊ ရွှေ​ဖြင့်​သွန်းလုပ်​သော​ရုပ်တု​တို့​ကို ညစ်ညူး​သည်​ဟု​မှတ်​လျက် ရာသီသွေး​စွန်း​သော​အဝတ်​ကဲ့သို့ လွှင့်ပစ်​၍ “​သွား​တော့​”​ဟု ဆို​လိမ့်မည်​။


ထို​နေ့ရက်​၌ သင်​တို့​လက်​ဖြင့်​လုပ်​သော​၊ သင်​တို့​ကို​အပြစ်​ဖြစ်​စေ​သော ငွေ​ရုပ်တု​၊ ရွှေ​ရုပ်တု​များ​ကို လူ​တိုင်း စွန့်ပစ်​ကြ​လိမ့်မည်​။


ဧဖရိမ်​သည် အပြစ်​ဖြစ်​စေ​မည့်​ယဇ်ပလ္လင်​များစွာ​ကို တည်​ကြ​သောကြောင့် ထို​ယဇ်ပလ္လင်​များ​သည် သူ​အပြစ်ပြု​ရာ ဖြစ်လာ​လေ​ပြီ​။


ထို​မြို့​ရှိ ရုပ်တု​အားလုံး​ကို အစိတ်စိတ်အမွှာမွှာ​ဖြစ်စေ​မည်​။ ပြည့်တန်ဆာ​လုပ်​၍​ရ​သော​အခ​အားလုံး​ကို မီးလောင်ကျွမ်း​စေ​မည်​။ ရုပ်တု​ရှိသမျှ​ကို​လည်း အပျက်အစီးပုံ​ဖြစ်စေ​မည်​။ သူ​စုဆောင်း​ထား​သော​ပြည့်တန်ဆာ​လုပ်အားခ​သည် ပြည့်တန်ဆာ​အခ ပြန်ဖြစ်​လိမ့်မည်​။”


ထာဝရဘုရား​သည် အာရုန်​ကို​လည်း ဖျက်ဆီး​ချင်​လောက်အောင် သူ့​ကို​အလွန်​အမျက်ထွက်​တော်မူ​သဖြင့် ထို​အချိန်​၌ အာရုန်​အတွက် ငါ​ဆုတောင်း​ရ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos