Biblia Todo Logo
La Biblia Online
- Anuncios -




တ​ရား​ဟော 9:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ‘​အာနက​လူမျိုး​၏​သားမြေး​တို့​ရှေ့​၌ မည်သူ​ခံရပ်​နိုင်​မည်နည်း​’​ဟု သင်​ကြား​သိ​ထား​သော​၊ ကိုယ်ခန္ဓာ​ကြီးမား​၍​အရပ်​မြင့်​သော အာနက​လူမျိုး​တို့​၏​သားမြေး​များ​လည်း​ရှိ​၏​။

Ver Capítulo Copiar

Common Language Bible

2 လူ​တို့​သည်​အ​ရပ်​မြင့်​၍​ခွန်​အား​ဗ​လ​ကောင်း ၏။ သူ​တို့​သည်​အ​လွန်​ထွား​ကြိုင်း​သ​ဖြင့် မည် သူ​မျှ​သူ​တို့​ကို​မ​ယှဉ်​ပြိုင်​နိုင်​ကြောင်း​သင် တို့​ကြား​ဖူး​ခဲ့​ကြ​ပြီ။-

Ver Capítulo Copiar

Judson Bible

2 အာ​န​က​အ​မျိုး​သား​ရှေ့​မှာ အ​ဘယ်​သူ​ရပ်​နိုင်​သ​နည်း​ဟူ​သော​စ​ကား​ကို သင်​ကြား၍၊ သင်​သိ​သော အာ​န​က​အ​မျိုး​သား​တည်း​ဟူ​သော အ​လွန်​ကြီး​မြင့်​သော​လူ​မျိုး​ကို​လည်း​ကောင်း တိုက်​ယူ​ခြင်း​ငှာ၊ ယ​ခု ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​လု​ပြီ။

Ver Capítulo Copiar




တ​ရား​ဟော 9:2
16 Referencias Cruzadas  

ကိုယ်တော်​ကြွလာ​၍ ဖမ်းဆီးချုပ်နှောင်​မည်​၊ လူစုလူဝေး​ဖြစ်​စေ​မည်​ဆို​လျှင် မည်သူ​ဟန့်တား​နိုင်​မည်နည်း​။


နတ်ဝိဇ္ဇာဆရာ​များ​နှင့် အီဂျစ်​လူမျိုး​အားလုံး​တို့​၌ အနာစိမ်း​ပေါက်​သဖြင့် နတ်ဝိဇ္ဇာဆရာ​တို့​သည် အနာစိမ်း​ကြောင့် မောရှေ​၏​ရှေ့​၌ မ​ရပ်​နိုင်​ကြ​ပေ​။


တောင်​ဘုရင်​ကို လာတိုက်​သော​မြောက်​ဘုရင်​သည် အလိုရှိ​သည့်​အတိုင်း​ပြု​လိမ့်မည်​။ သူ့​ကို မည်သူ​မျှ​ခုခံ​နိုင်​မည်​မ​ဟုတ်​။ သူ​သည် သာယာဝပြော​သော​ပြည်​တွင် စံမြန်း​လျက် သုတ်သင်ဖျက်ဆီး​ခြင်း​အာဏာ​ကို​စွဲကိုင်​ထား​မည်​။


ထို​သိုးထီး​သည် အနောက်ဘက်​၊ မြောက်ဘက်​၊ တောင်ဘက်​တို့​သို့ လိုက်ဝှေ့​နေ​သောကြောင့် မည်သည့်​တိရစ္ဆာန်​မျှ မ​ခံနိုင်​။ မည်သူ​မျှ တိရစ္ဆာန်​တို့​ကို သူ့​လက်​မှ​မ​ကယ်နုတ်​နိုင်​။ ထို​သိုးထီး​သည် မိမိ​အလို​အတိုင်း​ပြု​လျက်​၊ မာန်ထောင်​လျက်​ရှိ​သည်​ကို ငါ​မြင်​ရ​၏​။


သို့သော် သစ်ကတိုးပင်​မြင့်​သကဲ့သို့​မြင့်​၍ ဝက်သစ်ချပင်​ကဲ့သို့​သန်မာ​သော အာမောရိ​လူမျိုး​တို့​ကို အပင်​ပေါ်​ရှိ​အသီး​များ​သာမက မြေ​အောက်​ရှိ​အမြစ်​များ​ပါ​မကျန် ဖျက်ဆီး​သကဲ့သို့ သူ​တို့​ရှေ့​တွင်​ပင် ငါ​ကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်း​ပစ်​ခဲ့​၏​။


ကိုယ်တော်​၏​အမျက်​တော်​ရှေ့​၌ မည်သူ​ရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​ကို မည်သူ​ကြံ့ကြံ့​ခံနိုင်​မည်နည်း​။ အမျက်​တော်​ကို မီး​ကဲ့သို့​သွန်ချ​တော်မူ​လျှင် ရှေ့​တော်​၌ ကျောက်ဆောင်​များ ပြိုကျ​ကုန်​ပါ​၏​။


သူ​တို့​သည် နေဂေ့​အရပ်​သို့​တက်သွား​၍ ဟေဗြုန်​မြို့​သို့​ရောက်​ကြ​၏​။ ထို​မြို့​၌ အာနက​အနွယ်ဝင် အဟိမန်​၊ ရှေရှဲ​နှင့် တာလမဲ​တို့​နေထိုင်​ကြ​၏​။ (​ဟေဗြုန်​မြို့​သည် အီဂျစ်​ပြည်​ရှိ​ဇောန​မြို့ မ​တည်​မီ ခုနစ်​နှစ်​က တည်​သော​မြို့​ဖြစ်​၏​။​)


သို့သော်လည်း ထို​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​သည် ခွန်အားကြီး​သော​သူ​များ​ဖြစ်​ကြ​ပြီး မြို့​များ​သည် အလွန်​ခိုင်ခံ့​ကြီးမား​ပါ​၏​။ ထိုမျှမက အာနက​အနွယ်ဝင်​တို့​ကို​လည်း ထို​အရပ်​၌ အကျွန်ုပ်​တို့​တွေ့မြင်​ခဲ့​ပါ​၏​။


ထို​အရပ်​၌ ဧရာမလူ​တို့​ကို​လည်း တွေ့​ခဲ့​ပါ​၏​။ ထို​ဧရာမလူ​တို့​မှ အာနက​အမျိုး​ဆင်းသက်​လာ​၏​။ သူ​တို့​နှင့်​ယှဉ်​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​နှံကောင်​ကဲ့သို့​မြင်​၍ သူ​တို့​သည်​လည်း ငါ​တို့​ကို နှံကောင်​ကဲ့သို့​မြင်​မည်​”​ဟု ဆို​ကြ​၏​။


ငါ​တို့​သည် မည်သည့်​အရပ်​သို့​သွား​နေ​ကြ​သနည်း​။ ညီအစ်ကို​တို့​က “ထို​ပြည်သား​တို့​သည် အကျွန်ုပ်​တို့​ထက်​ကိုယ်ခန္ဓာ​ကြီးမား​၍​အရပ်​မြင့်​ကြ​၏​။ မြို့​များ​သည်​လည်း ကြီးမား​၍ မြို့ရိုး​တို့​သည် မိုး​ထိ​မြင့်​၏​။ ထိုမျှမက အာနက​အမျိုး​တို့​ကို​လည်း ထို​နေရာ​၌ အကျွန်ုပ်​တို့​တွေ့မြင်​ရ​ပါ​၏”​ဟု ဆို​လျက် ငါ​တို့​ကို စိတ်ပျက်အားလျော့​စေ​ပြီ​’​ဟု ဆို​ကြ​၏​။


ထို​လူမျိုး​တို့​သည် အာနက​လူမျိုး​များ​ကဲ့သို့ အရပ်​မြင့်​၍ ကိုယ်ခန္ဓာ​ကြီးမား​ပြီး လူဦးရေ​များပြား​၏​။ သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို အမ္မုန်​အမျိုးသား​တို့​၏​ရှေ့မှောက်​မှ​သုတ်သင်ပယ်ရှင်း​တော်မူ​သဖြင့် အမ္မုန်​အမျိုးသား​တို့​သည် သူ​တို့​ပြည်​ကို သိမ်းပိုက်​၍ သူ​တို့​နေရာ​၌ နေထိုင်​ကြ​၏​။


သူ​တို့​၏​ရှင်ဘုရင်​များ​ကို​လည်း သင့်​လက်​သို့ အပ်​တော်မူ​သဖြင့် သင်​သည် သူ​တို့​၏​အမည်​များ​ကို မိုးကောင်းကင်​အောက်​မှ ဖျောက်ဖျက်​ပစ်​လိမ့်မည်​။ သူ​တို့​ကို မ​ဖျက်ဆီး​မီ​အထိ သင့်​ရှေ့​၌ မည်သူမျှ​ခံရပ်​နိုင်​မည်​မ​ဟုတ်​။


ထို​အချိန်​တွင် ယောရှု​သည် တောင်​ပေါ်​မြို့​ဖြစ်​သော ဟေဗြုန်​မြို့​၊ ဒေဗိရ​မြို့​၊ အာနပ်​မြို့​တို့​နှင့် ယုဒ​တောင်ပေါ်ဒေသ​၊ အစ္စရေး​တောင်ပေါ်ဒေသ​တို့​၌ နေထိုင်​သော​အာနက​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​၍ သူ​တို့​၏​မြို့​များ​နှင့် သူ​တို့​ကို အကုန်အစင်​ဖျက်ဆီး​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​၏​ပိုင်နက်​ထဲတွင် အာနက​လူမျိုး တစ်ယောက်မျှ​မ​ကျန်​။ ဂါဇ​မြို့​၊ ဂါသ​မြို့​၊ အာဇုတ်​မြို့​တို့​၌​သာ အနည်းငယ်​ကျန်ရစ်​၏​။


ကာလက်​သည် အာနက​အနွယ်ဝင် အာနက​၏​သား​သုံး​ယောက်​ဖြစ်​သော ရှေရှဲ​၊ အဟိမန်​၊ တာလမဲ တို့​ကို ထို​ပြည်​မှ နှင်ထုတ်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos