တရားဟော 9:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထာဝရဘုရားအမျက်ထွက်စေရန် မျက်မှောက်တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့ကျူးလွန်သည့်အပြစ်ရှိသမျှတို့ကြောင့် ငါသည် အစာမစား၊ ရေလည်းမသောက်ဘဲ ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားရှေ့မှောက်၌ပျပ်ဝပ်လျက်နေ၏။ Ver CapítuloCommon Language Bible18 သင်တို့သည်ထာဝရဘုရားအားပြစ်မှား၍ အမျက်တော်ထွက်စေသောကြောင့် ငါသည်တစ်ဖန် ထာဝရဘုရား၏ရှေ့တော်၌ရက်ပေါင်းလေး ဆယ်ပတ်လုံး မစားမသောက်ဘဲပျပ်ဝပ်လျက် နေခဲ့၏။- Ver CapítuloGarrad Bible18-19 သင် တို့ ကို ပယ် ရှား ရန်၊ ထာ ဝ ရ ဘု ရား ထား တော် မူ သော အ မျက် ဒေါ သ ကို ကြောက် ရွံ့၍၊ ထာ ဝ ရ ဘု ရား ရှေ့၊ အ မျက် တော် တိုက် အ ဆိုး ပြု လျက် ပြစ် မှား သ မျှ သော သင် တို့ အ ပြစ် အ တွက်၊ အ ထက် နည်း တူ၊ မည် သည့် ရေ စာ ကို မျှ မ စား မ သောက် ဘဲ အ ရက် လေး ဆယ် နေ့ ညဉ့် ပတ် လုံး၊ ထာ ဝ ရ ဘု ရား ရှေ့ ပျပ် ဝပ် လျက် နေ ရာ၊ ထို ကာ လ၌ ပင် နား ညောင်း တော် မူ ၏။ Ver CapítuloJudson Bible18 သင်တို့သည် ထာဝရဘုရားကိုအမျက်တော်ထွက်စေခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသော အပြစ်ရှိသမျှတို့ကြောင့်၊ ငါသည်အရင်ပြုသကဲ့သို့ ထာဝဘုရားရှေ့တော်၌ပျပ်ဝပ်၍ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေရ၏။ Ver Capítulo |
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။