တရားဟော 7:7 - မြန်မာ့စံမီသမ္မာကျမ်း7 သင်တို့သည် လူမျိုးအပေါင်းတို့ထက် များပြားသောကြောင့် ထာဝရဘုရားသည် သင်တို့ကိုနှစ်သက်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်တို့သည် လူမျိုးအပေါင်းတို့တွင် အနည်းဆုံးဖြစ်၏။ Ver CapítuloCommon Language Bible7 ``သင်တို့သည်အခြားသောလူမျိုးများထက် လူဦးရေပိုများသောကြောင့် ထာဝရဘုရား သည်သင်တို့ကိုချစ်၍ရွေးချယ်ခြင်းမဟုတ်။ သင်တို့သည်ကမ္ဘာပေါ်တွင်လူဦးရေအနည်း ဆုံးလူမျိုးဖြစ်သည်။- Ver CapítuloGarrad Bible7 လူ မျိုး တ ကာ ထက် များ ပြား သော ကြောင့် ထာ ဝ ရ ဘု ရား စွဲ လမ်း၍ ရွေး ချယ် တော် မူ သည် မ ဟုတ်။ သင် တို့ သည် လူ မျိုး တ ကာ ထက် အ သေး အ နုပ် ပါ တ ကား။ Ver CapítuloJudson Bible7 သင်သည် အခြားသောလူမျိုးထက်သာ၍များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကိုချစ်၍ ရွေးချယ်တော်မူသည် မဟုတ်။ သင်သည် အခြားသောလူမျိုးတကာတို့ထက် သာ၍နည်း၏။ Ver Capítulo |
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ဤသို့မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ အစ္စရေးလူမျိုးကို ငါရွေးချယ်သောနေ့တွင် ငါသည် ယာကုပ်အမျိုး၏သားစဉ်မြေးဆက်အား ကတိသစ္စာပြုခဲ့၏။ အီဂျစ်ပြည်၌ ငါမည်သူဖြစ်ကြောင်း သူတို့ကို သိစေခဲ့၏။ ‘ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု သူတို့အား ကတိသစ္စာပြုခဲ့၏။