တရားဟော 7:26 - မြန်မာ့စံမီသမ္မာကျမ်း26 စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့ မယူလာရ။ ထိုအရာသည် ကျိန်ခြင်းခံရသောအရာဖြစ်၍ ယူလာလျှင် သင်သည် ထိုအရာကဲ့သို့ ကျိန်ခြင်းခံရလိမ့်မည်။ ထိုအရာကို လုံးလုံးရွံမုန်းရမည်။ Ver CapítuloCommon Language Bible26 ထိုရုပ်တုများကိုသင်တို့၏နေအိမ်များသို့မ ယူဆောင်ခဲ့ရ။ ယင်းသို့ယူဆောင်ခဲ့လျှင်ရုပ်တု များကဲ့သို့ သင်တို့သည်လည်းကျိန်စာသင့်လိမ့် မည်။ ရုပ်တုများသည်ထာဝရဘုရား၏ကျိန် စာသင့်သောကြောင့် ရုပ်တုများကိုသင်တို့ရွံ ရှာမုန်းတီးကြရမည်။'' Ver CapítuloGarrad Bible26 မြေ လှန် ဖွယ် ရာ ဖြစ် သော ကြောင့်၊ လုံး လုံး စက် ဆုပ် ရွံ ရှာ လျက်၊ ထို ရွံ ရှာ ဖွယ် ကဲ့ သို့ မြေ လှန် ရာ ကိုယ် တိုင် မ ပါ မ ရောက် အောင်၊ အိမ် တွင်း သို့ မ သွင်း ကြ ရ။ Ver CapítuloJudson Bible26 စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိန်အပ်သောအရာဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာကို သင်သည် အကြွင်းမဲ့စက်ဆုပ်ရွံရှာရမည်။ ကျိန်အပ်သောအရာပင် ဖြစ်ပေ၏။ Ver Capítulo |
ငါနှင့်ဝေးကွာ၍ မိမိစိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ မိမိတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ပရောဖက်ထံသို့လာရောက်မေးမြန်းသော မည်သည့်အစ္စရေးလူမျိုးမဆို၊ အစ္စရေးလူမျိုးတို့နှင့်အတူနေထိုင်သော မည်သည့်တိုင်းတစ်ပါးသားမဆို ငါထာဝရဘုရားကိုယ်တိုင် တုံ့ပြန်မည်။