Biblia Todo Logo
La Biblia Online
- Anuncios -




တ​ရား​ဟော 7:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို သင့်​လက်​သို့ အပ်​တော်မူ​မည်​။ သူ​တို့​ဖျက်ဆီး​ခြင်း​မ​ခံရ​မ​ချင်း သူ​တို့​ကို ကြီးမား​သော ထိတ်လန့်ချောက်ချားဖွယ်​ရာ​များ​နှင့် ကြုံတွေ့​စေ​တော်မူ​မည်​။

Ver Capítulo Copiar

Common Language Bible

23 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​သည်​က​စဥ့် က​လျား​ဖြစ်​၍​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

23-24 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ထို လူ မျိုး များ ကို သင် တို့ ရှေ့ အပ် နှင်း တော် မူ သည့် အ တိုင်း ကောင်း ကင် အောက် မှ၊ ချင်း တို့ အ မည် ပါ ချေ ဖျောက် ကြ သည့် တိုင် အောင် ပယ် ရှား တော် မ မူ မ ချင်း၊ လုပ် ကြံ ကွပ် မျက် လျက်၊ ချင်း တို့ မင်း များ ကို လည်း သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ မည် ဖြစ်၍၊ သင် တို့ ရှေ့ မည် သူ မျှ ခံ ရပ် နိုင် မည် မ ဟုတ်။

Ver Capítulo Copiar

Judson Bible

23 သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင်၌​အပ်၍၊ သူ​တို့​မ​ပျက်​စီး​မီ​တိုင်​အောင်၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း​ကို စီ​ရင်​တော်​မူ​မည်။

Ver Capítulo Copiar




တ​ရား​ဟော 7:23
11 Referencias Cruzadas  

ငါ့​ကို​ကြောက်ရွံ့ထိတ်လန့်​သော​သဘော​ကို သင့်​ရှေ့​မှ ငါ​စေလွှတ်​၍ သင်​ရောက်​မည့်​အရပ်​ရှိ လူမျိုး​အပေါင်း​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​ကာ သင်​၏​ရန်သူ​အပေါင်း​တို့​ကို နောက်သို့​ပြန်လှည့်​စေ​မည်​။


ညည်းတွားငိုကြွေး​ကြ​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် ရောက်​လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံမှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​မည်​။


အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​သည် အရှက်ကွဲ​ကြ​ပါစေသော​။ အကျွန်ုပ်​မူကား အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ သူ​တို့​သည် စိတ်ပျက်​ကြ​ပါစေသော​။ အကျွန်ုပ်​မူကား စိတ်​မ​ပျက်​ရ​ပါစေ​နှင့်​။ သူ​တို့​ကို ဆိုးရွား​သော​နေ့ရက်​နှင့် ကြုံတွေ့​စေ​တော်မူ​ပါ​။ ဖျက်ဆီး​ခြင်း​ဘေး​နှစ်ဆ​ဖြင့် သူ​တို့​ကို ဖျက်ဆီး​တော်မူ​ပါ​။


အလို​၊ ထာဝရဘုရား​၏​နေ့ရက်​ပါတကား​။ ထို​နေ့ရက် ရောက်လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံ​တော်​မှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​လိမ့်မည်​။


အကယ်စင်စစ် တပ်စခန်း​ထဲ​ရှိ ထို​သူ​တို့ သေ​ကုန်​သည်​အထိ ထာဝရဘုရား​၏​လက်​တော်​သည် သူ​တို့​ကို ဖျက်ဆီး​တော်မူ​၏​။


ထာဝရဘုရား​သည် သူ​တို့​ကို သင်​တို့​၌​အပ်​တော်မူ​မည်​ဖြစ်၍ ငါ​မှာကြား​သော​ပညတ်တော်​ရှိသမျှ​အတိုင်း သူ​တို့​ကို​ပြု​ရ​မည်​။


သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​ကို​နား​မ​ထောင်​သောကြောင့် သင်​တို့​၏​ရှေ့​တွင် ထာဝရဘုရား​ဖျက်ဆီး​တော်မူ​ခဲ့​သည့်​လူမျိုး​များ​ကဲ့သို့ သင်​တို့​ပျက်စီး​ကြ​ရ​လိမ့်မည်​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် လောင်ကျွမ်း​သော​မီး​ကဲ့သို့ သင်​၏​ရှေ့​မှ​ကူးသွား​မည်​ဖြစ်ကြောင်း ယနေ့ သင်​သိမြင်​ရ​မည်​။ ကိုယ်တော်​သည် ထို​သူ​တို့​ကို သုတ်သင်ပယ်ရှင်း​ပြီး သင့်​ရှေ့မှောက်​၌ ရှုံးနိမ့်​စေ​တော်မူ​မည်​ဖြစ်၍ သင့်​အား ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် သူ​တို့​ကို နှင်ထုတ်​၍ အလျင်အမြန်​ဖျက်ဆီး​နိုင်​လိမ့်မည်​။


ထို​သူ​တို့​သည် သခင်​ဘုရား​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​မှ​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ဘုန်း​အသရေ​တော်​မှ​လည်းကောင်း ဖယ်ရှား​ခြင်း​ခံရ​လျက် ထာဝရ​ပျက်စီး​ခြင်း​အပြစ်ဒဏ်​ကို ခံ​ကြ​ရ​လိမ့်မည်။


ထာဝရဘုရား​သည် ထို​သူ​တို့​ကို အစ္စရေး​စစ်သည်​တို့​ရှေ့​၌ ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ အစ္စရေး​စစ်သည်​တို့​သည် ဂိဗောင်​မြို့​၌ ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး ဗေသောရုန်​မြို့​သို့​တက်သွား​သော​လမ်း​အတိုင်း အဇေကာ​မြို့​၊ မက္ကဒါ​မြို့​တိုင်အောင် လိုက်လံ​တိုက်ခိုက်​ကြ​၏​။


ထာဝရဘုရား​သည် သိသရ​မှစ၍ စစ်ရထား​၊ စစ်သည်​ရှိသမျှ​တို့​ကို ဗာရက်​၏​ဓား​သွား​ဖြင့် မရှုမလှ​ရှုံးနိမ့်​စေ​တော်မူ​သောကြောင့် သိသရ​သည် သူ​၏​စစ်ရထား​ပေါ်​မှ​ဆင်း​ပြီး ခြေကျင်​ဖြင့် ထွက်ပြေး​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos