တရားဟော 7:16 - မြန်မာ့စံမီသမ္မာကျမ်း16 သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။ Ver CapítuloCommon Language Bible16 သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင် တို့၏လက်သို့အပ်တော်မူသောလူမျိုးရှိသမျှ ကို သင်တို့သည်သုတ်သင်ဖျက်ဆီးပစ်ရမည်။ ထို သူတို့အားမသနားမညှာတာရ။ ထိုသူတို့ ၏ဘုရားများကိုဝတ်မပြုရ။ ဝတ်ပြုလျှင် သင်တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့် မည်။'' Ver CapítuloGarrad Bible16 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ အံ့ သော လူ အ မျိုး မျိုး ကို မျက် စောင်း နှင့် မ ညှာ တာ ဘဲ ကုန် ဆုံး စေ ရ မည်။ ချင်း တို့ ဘု ရား များ နှင့် စပ် လျဉ်း ၍၊ ကျော့ ကွင်း သ ဖွယ် မ ဖြစ် စေ ရန်၊ ဝတ် မ ပြု ကြ လင့်။ Ver CapítuloJudson Bible16 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၌အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီးရမည်။ သင်၏မျက်စိသည် သူတို့ကိုမသနားရ။ သူတို့ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်း ဖြစ်လိမ့်မည်။ Ver Capítulo |
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။