တရားဟော 6:15 - မြန်မာ့စံမီသမ္မာကျမ်း15 သင်တို့နှင့်အတူရှိတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သဝန်တိုတတ်သောဘုရားဖြစ်တော်မူ၏။ ထို့ကြောင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အပေါ်အမျက်ထွက်၍ သင်တို့ကို မြေကြီးပေါ်မှ ဖျက်ဆီးတော်မူမည်ကို စိုးရိမ်ရ၏။ Ver CapítuloCommon Language Bible15 သင်တို့နှင့်အတူရှိတော်မူသောဘုရားသခင် ထာဝရဘုရားသည် ပြိုင်ဘက်ကိုလုံးဝလက်ခံ တော်မမူ။ ထို့ကြောင့်သင်တို့သည်အခြားသော ဘုရားကိုဝတ်ပြုလျှင် အမျက်တော်သည်မီး ကဲ့သို့တောက်လောင်၍ သင်တို့အပေါင်းကိုသေ ကြေပျက်စီးစေလိမ့်မည်။'' Ver CapítuloJudson Bible15 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက်ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ်စရာရှိ၏။ Ver Capítulo |
အီဂျစ်လူမျိုးတို့က ‘ကိုယ်တော်သည် တောတောင်များထဲ၌ အစ္စရေးလူမျိုးတို့ကိုကွပ်မျက်၍ မြေကြီးပေါ်မှသုတ်သင်ရန်အတွက် မကောင်းသောရည်ရွယ်ချက်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည်’ဟု အဘယ်ကြောင့်ပြောဆိုကြရမည်နည်း။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်ပြေ၍ ကိုယ်တော်၏လူမျိုးတော်အပေါ်ကျရောက်စေမည့်ဘေးအန္တရာယ်မှ စိတ်ပြောင်းလဲတော်မူပါ။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။