တရားဟော 5:15 - မြန်မာ့စံမီသမ္မာကျမ်း15 သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက် သင့်အား ထိုပြည်မှထုတ်ဆောင်တော်မူခဲ့ကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့် ဥပုသ်နေ့ကိုစောင့်ထိန်းရန် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားမိန့်မှာတော်မူခဲ့ခြင်းဖြစ်၏။ Ver CapítuloCommon Language Bible15 သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုမဟာတန်ခိုး တော်ဖြင့်ကယ်တင်ခဲ့ကြောင်းကိုလည်းကောင်း သတိရကြလော့။ ထိုအကြောင်းကြောင့်ငါ သည်သင်တို့အားဥပုသ်နေ့ကိုစောင့်ရန် မိန့်မှာတော်မူ၏။ Ver CapítuloGarrad Bible15 အိ ဂျစ် ပြည် တွင် ကျွန် ခံ ရ သော သင့် ကို သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် အား ကြီး သော လက် ရုံး တော် ဆန့် တန်း ၍ ထုတ် ဆောင် တော် မူ ခဲ့ ကြောင်း အောက် မေ့ ရ မည်။ ထို အ ကြောင်း ကြောင့် သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဥ ပုသ် နေ့ ကို စောင့် ရှောက် ရန် မိန့် မှာ တော် မူ ခဲ့ သ တည်း။ Ver CapítuloJudson Bible15 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကိုနုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့်၊ သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ ဘုရားသခင်ထာဝရဘုရားမှာထားတော်မူ၏။ Ver Capítulo |