တရားဟော 4:39 - မြန်မာ့စံမီသမ္မာကျမ်း39 ထို့ကြောင့် အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၍ အခြားဘုရားမရှိကြောင်းကို ယနေ့ သင်တို့သိမှတ်၍ နှလုံးသွင်းကြလော့။ Ver CapítuloCommon Language Bible39 သို့ဖြစ်၍ထာဝရဘုရားသည်ကောင်းကင် မြေကြီးပေါ်မှာဘုရားဖြစ်တော်မူကြောင်း၊ အခြားသောဘုရားမရှိကြောင်းကိုအစဉ် အမြဲစွဲမှတ်သတိရကြလော့။- Ver CapítuloGarrad Bible39 ထာ ဝ ရ ဘု ရား သည် အ ထက် ကောင်း ကင်၌ လည်း ကောင်း၊ အောက် မြေ ကြီး၌ လည်း ကောင်း၊ ဘု ရား သ ခင် မှန် ကြောင်း၊ ကိုယ် တော့် ပြင် အ ခြား မ ရှိ ကြောင်း များ ကို ယ နေ့ ပင် သိ မှတ် နှ လုံး သွင်း ကြ သည့် ပြင်၊ Ver CapítuloJudson Bible39 သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်းကင်ပေါ်၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အခြားတစ်ပါးသောဘုရား မရှိကြောင်းကိုလည်းကောင်း၊ ယနေ့သိမှတ်၍ နှလုံး၌သွင်းမိကြလော့။ Ver Capítulo |
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။
“ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံတွင်စံမြန်း၍ လူမျိုးတကာတို့နေထိုင်ရာတိုင်းနိုင်ငံအလုံးစုံကို အုပ်စိုးပိုင်သတော်မူသည်မဟုတ်လော။ ကိုယ်တော်၏လက်တော်၌ အစွမ်းသတ္တိတန်ခိုး ရှိတော်မူသည်ဖြစ်၍ ကိုယ်တော်နှင့်ဆန့်ကျင်လျှင် မည်သူမျှမခံမရပ်နိုင်ပါ။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။