တရားဟော 33:7 - မြန်မာ့စံမီသမ္မာကျမ်း7 ယုဒအမျိုးကိုကား၊ အို ထာဝရဘုရား၊ ယုဒတောင်းလျှောက်သံကို နားညောင်းတော်မူ၍ သူ့လူမျိုးတို့ထံသို့ သူ့ကို ပို့ဆောင်တော်မူပါ။ သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ရပါ၏။ သူ့ကိုရန်ပြုသောသူတို့လက်မှ ကိုယ်တော်သည် ကူညီမစသောအရှင်ဖြစ်တော်မူပါစေသော။ Ver CapítuloCommon Language Bible7 ယုဒအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``အို ထာဝရဘုရားယုဒအနွယ်ဝင်တို့အကူ အညီ တောင်းလျှောက်သံကိုနားညောင်းတော်မူပါ။ အခြားအနွယ်ဝင်များနှင့်ပြန်လည် ပေါင်းစည်းမိစေတော်မူပါ။ အို ထာဝရဘုရား၊သူတို့အတွက်တိုက်ခိုက် တော်မူပါ။ သူတို့ဘက်မှရန်သူများကိုတိုက်ခိုက်တော် မူပါ။'' Ver CapítuloGarrad Bible7 ယု ဒ အ နွယ် ကို ရည်၍ ဖွဲ့ ဆို သည် မှာ၊ အို ထာ ဝ ရ ဘု ရား၊ ယု ဒ တောင်း လျှောက် သံ ကို နား ညောင်း၍ အ မျိုး သား ချင်း တို့ နှင့် ဆည်း ကပ် စေ တော် မူ ပါ။ လူ မျိုး တော့် အ ဖို့ ကိုယ့် လက် ရုံး ဖြင့် တိုက် ခဲ့ သည့် အ လျောက် ရန် သူ တို့ တစ် ဘက်၌ စစ် ကူ တော် မူ ပါ ဟူ၍ တည်း။ Ver CapítuloJudson Bible7 ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကားသံကိုနားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဖို့ တန်ပါစေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။ Ver Capítulo |
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။