တရားဟော 33:28 - မြန်မာ့စံမီသမ္မာကျမ်း28 အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာဖြင့် တသီးတခြားနေထိုင်ရမည်။ ယာကုပ်အမျိုးအနွယ်သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများရာအရပ်၊ ကောင်းကင်မှ နှင်းတဖွဲဖွဲကျရာအရပ်၌ နေထိုင်ရမည်။ Ver CapítuloCommon Language Bible28 သို့ဖြစ်၍ယာကုပ်၏အဆက်အနွယ်တို့သည် မိုးကောင်းကင်မှနှင်းကျသော၊ စပါးနှင့်စပျစ်ရည်ပေါကြွယ်ဝသော ပြည်တွင် အေးချမ်းလုံခြုံစွာနေထိုင်ရကြ၏။ Ver CapítuloGarrad Bible28 ဣ သ ရေ လ လူ မျိုး၊ ယာ ကုပ် အ စဉ် အ ဆက် တို့ သည် မိုး ကောင်း ကင် မှ နှင်း ကျ ရာ၊ ဆန် စ ပါး စ ပျစ် ရည် ပေါ များ ရာ ပြည် တွင် အ သီး အ ခြား လုံ ခြုံ စွာ နေ ထိုင် ခွင့် ရှိ ကြ၏။ Ver CapítuloJudson Bible28 ဣသရေလအမျိုးသည် ဘေးလွတ်၍ တစ်မျိုးတည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ်ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုးနှင်းရည်လည်း စက်စက်ကျလိမ့်မည်။ Ver Capítulo |
ထာဝရဘုရားက အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘သင့်အရိုက်အရာကိုဆက်ခံပြီး သင့်ရာဇပလ္လင်ပေါ်တွင် ငါစံမြန်းစေမည့် သင့်သားတော်သည် ငါ့နာမအဖို့ အိမ်တော်ကို တည်လိမ့်မည်’ဟု မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ရည်ရွယ်ပါ၏။
အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရကြောင်းကို မည်သို့သိရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်ကြွတော်မူသောအားဖြင့်သာ မဟုတ်လော။ ဤသို့ဖြင့် အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့နှင့် ကွဲပြားခြားနားပါမည်”ဟု ကိုယ်တော်အားလျှောက်လေ၏။
အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊