တရားဟော 33:22 - မြန်မာ့စံမီသမ္မာကျမ်း22 ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ဗာရှန်ပြည်မှခုန်ထွက်လာသည့် ခြင်္သေ့သားပေါက်ဖြစ်၏။ Ver CapítuloCommon Language Bible22 ဒန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲဆိုလေသည်။ ``ဒန်အနွယ်သည်ခြင်္သေ့ပျိုဖြစ်၍ဗာရှန်ပြည်မှ ခုန်ပေါက်၍ထွက်လာ၏။'' Ver CapítuloGarrad Bible22 ဒန့် အ နွယ် ကို ရည်၍ ဖွဲ့ ဆို သည် မှာ ဒန် သည် ဗာ ရှန် ပြည် က ခုန် လွှား သော ခြင်္သေ့ ပျို သ ဖွယ် ဖြစ် သည် ဟူ၍ တည်း။ Ver CapítuloJudson Bible22 ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ်ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။ Ver Capítulo |
ဒန်အမျိုးသားတို့သည် မိမိတို့၏နယ်နိမိတ်ကိုကျော်လွန်၍ လဲရှမြို့ကို ချီတက်တိုက်ခိုက်ကြ၏။ ထိုမြို့ကိုသိမ်းပိုက်ပြီးလျှင် မြို့သူမြို့သားတို့ကို ဓားဖြင့်လုပ်ကြံပြီး ထိုမြို့၌ အခြေချနေထိုင်ကြ၏။ ထို့နောက် သူတို့ဘိုးဘေး၏အမည်ဖြစ်သော ဒန်ကို အစွဲပြု၍ ထိုမြို့ကို ဒန်မြို့ဟု ခေါ်ဆိုကြ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ် ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူသည် အာရှကေလုန်မြို့သို့ဆင်းသွား၍ မြို့သားအယောက်သုံးဆယ်ကိုရိုက်သတ်ကာ သူတို့၏အဝတ်အစားများကိုချွတ်ယူပြီး စကားထာအဖြေကို ပြောပြနိုင်သောသူတို့အား ပေးလေ၏။ ထို့နောက် သူသည် အမျက်ထွက်လျက် ဖခင်အိမ်သို့ပြန်သွားလေ၏။
“အကျွန်ုပ်အား ဖိလိတ္တိလူမျိုးတို့နှင့်အတူ သေခွင့်ပြုတော်မူပါ”ဟု ဆိုလျက် အားကုန်တွန်းချလိုက်ရာ ဝတ်ကျောင်းကြီးသည် ဖိလိတ္တိမင်းတို့အပါအဝင် လူအားလုံးတို့အပေါ် ပြိုကျလေ၏။ ဤသို့ဖြင့် ရှံဆုန်သည် သေခါနီးလူသတ်ခဲ့သည်မှာ ရှေ့ပိုင်းအသက်ရှင်စဉ်တွင်လူသတ်ခဲ့သည်ထက် ပို၍များပြားလေ၏။