တရားဟော 31:23 - မြန်မာ့စံမီသမ္မာကျမ်း23 ထို့နောက် ထာဝရဘုရားက နုန်၏သား ယောရှုအား “အားယူ၍ရဲရင့်ခြင်းရှိလော့။ ထိုပြည်ကို အစ္စရေးအမျိုးသားတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ ထိုပြည်သို့ သင်သည် သူတို့ကိုပို့ဆောင်ရမည်။ ငါသည်လည်း သင်နှင့်အတူရှိမည်”ဟု မိန့်မှာတော်မူ၏။ Ver CapítuloCommon Language Bible23 ထို့နောက်ထာဝရဘုရားသည်နုန်၏သားယောရှု အား``အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည် ဣသရေလအမျိုးသားတို့ကိုခေါင်းဆောင်လျက် ငါကတိထားသောပြည်သို့ဝင်ရောက်ရမည်။ ငါသည်သင်နှင့်အတူရှိမည်'' ဟုမိန့်တော် မူ၏။ Ver CapítuloGarrad Bible23 နုန့် သား ယော ရှု ကို ခန့် ထား တော် မူ လျက်၊ သ စ္စာ ဆို ခဲ့ သော ပြည် သို့ ဣ သ ရေ လ အ မျိုး သား တို့ ကို သင် ဆောင် သွင်း ရာ ငါ ပါ ရှိ မည် ဖြစ် သော ကြောင့် အား ယူ၍ ရဲ ရင့် လော့ ဟု ဆင့် ထပ် လေ၏။ Ver CapítuloJudson Bible23 တစ်ဖန် နုန်၏သားယောရှုအား ထာဝရဘုရားက၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆိုသောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရမည်။ ငါသည် သင်နှင့်အတူရှိမည်ဟု မှာထားတော်မူ၏။ Ver Capítulo |
သို့သော် အို ဇေရုဗဗေလ၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘အို ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘ကြိုးစားလုပ်ဆောင်ကြလော့။ သင်တို့နှင့်အတူ ငါရှိ၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။