တရားဟော 3:28 - မြန်မာ့စံမီသမ္မာကျမ်း28 ယောရှုသည် ဤလူမျိုးတို့ကို ဦးဆောင်လျက် ဂျော်ဒန်မြစ်ကိုကူးသွား၍ သင်တွေ့မြင်ရမည့်ပြည်ကို သူတို့အား အမွေခွဲပေးရမည်ဖြစ်သောကြောင့် သူ့ကိုညွှန်ကြားလော့။ သူ့ကို အားပေးထောက်မလော့’ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible28 ယောရှုအားတာဝန်လွှဲအပ်လော့။ သူသည်ဤလူ မျိုးကိုခေါင်းဆောင်၍ သင်မြင်သောပြည်သို့ ဖြတ်ကူးသိမ်းယူရမည်ဖြစ်သောကြောင့်သူ့ ကိုအားပေးလော့။ ကြံ့ခိုင်စေလော့' ဟုငါ့ အားမိန့်တော်မူ၏။'' Ver CapítuloGarrad Bible28 သင် မြင် ရ သော ပြည် သို့၊ အ ပိုင် ရ စေ ရန်၊ လူ မျိုး တော် ရှေ့ ဦး ဆောင် လျက် ကူး ချီ ရ သော ယော ရှု ကို ခန့် ထား၍ ထောက် မ အား ပေး ခဲ့ လော့ ဟု ငါ့ အား မိန့် တော် မူ ပြီး လျှင် Ver CapítuloJudson Bible28 သို့ရာတွင် ယောရှုကိုမှာခဲ့၍ အားပေးလော့။ မစထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာသွား၍၊ သင်မြင်ရသောပြည်ကို အမွေခံစေရမည်ဟု ငါ့အားမိန့်တော်မူ၏။ Ver Capítulo |
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။
ထို့နောက် မောရှေသည် ယောရှုကိုခေါ်၍ အစ္စရေးလူမျိုးအပေါင်းတို့၏ရှေ့၌ သူ့အား “အားယူ၍ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား ထိုပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ သင်သည် သူတို့နှင့်အတူဝင်ရောက်၍ ထိုပြည်ကို သူတို့၏ အမွေဖြစ်စေရမည်။