Biblia Todo Logo
La Biblia Online
- Anuncios -




တ​ရား​ဟော 29:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သင်​တို့​သည် သူ​တို့​၏​ရွံရှာဖွယ်​ရာ​များ​ဖြစ်​သည့် သစ်သား​ရုပ်တု​၊ ကျောက်​ရုပ်တု​၊ ရွှေ​ရုပ်တု​၊ ငွေ​ရုပ်တု​တို့​ကို တွေ့မြင်​ခဲ့​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

17 သူ​တို့​၏​ရွံ​ရှာ​ဖွယ်​သော​သစ်​သား​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​များ ကို​လည်း​သင်​တို့​မြင်​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

17 စက် ဆုပ် ဖွယ် ရာ ဖြစ် သော ချင်း တို့ ရွှေ၊ ငွေ၊ ကျောက်၊ သစ် သား ဆင်း တု များ ကို မြင် ဖူး ကြ လေ ပြီ။

Ver Capítulo Copiar

Judson Bible

17 သူ​တို့၌​ရှိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သစ်​သား​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု​တို့​ကို မြင်​ကြ​ပြီ။

Ver Capítulo Copiar




တ​ရား​ဟော 29:17
6 Referencias Cruzadas  

သင်​တို့​သည် ငါ​နှင့်​ယှဉ်​၍ သင်​တို့​အဖို့ ရွှေ​ဘုရား​ငွေ​ဘုရား​များ​ကို​လည်း မ​ပြုလုပ်​ရ​။


သင်​တို့​နေထိုင်​ခဲ့​သည့် အီဂျစ်​ပြည်​၏​ဓလေ့ထုံးစံ​အတိုင်း မ​ပြုကျင့်​ရ​။ သင်​တို့​ကို ငါ​ပို့ဆောင်​မည့် ခါနာန်​ပြည်​၏​ဓလေ့ထုံးစံ​အတိုင်း မ​ပြုကျင့်​ရ​။ သူ​တို့​၏​ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​ရ​။


သင်​တို့​သည် သွေးဆောင်​ခြင်း​ခံရ​သဖြင့် လမ်းလွဲ​၍ အခြား​ဘုရား​များ​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​မိ​စေရန် သတိပြု​လော့​။


ထာဝရဘုရား​သည် သင့်​ကို​လည်းကောင်း​၊ သင်​တင်မြှောက်​ထား​သော သင့်​ကို​အုပ်စိုး​သည့်​ရှင်ဘုရင်​ကို​လည်းကောင်း သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော လူမျိုး​ထံသို့ ဆောင်သွား​တော်မူ​သဖြင့် သင်​သည် ထို​အရပ်​၌ အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။


အီဂျစ်​ပြည်​တွင် ငါ​တို့​မည်သို့​နေထိုင်​ခဲ့​ရ​သည်​ကို​လည်းကောင်း​၊ လမ်းခရီး​တွင် လူမျိုးခြား​တို့​အလယ်​၌ မည်သို့​ဖြတ်ကျော်​လာ​ခဲ့​ရ​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​၏​။


သင်​တို့​သည် ထို​အရပ်​၌ လူ့​လက်​ဖြင့်​လုပ်​၍ မ​မြင်​နိုင်​၊ မ​ကြား​နိုင်​၊ မ​စား​နိုင်​၊ အနံ့​မ​ရ​နိုင်​သော သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို ဝတ်ပြု​ရ​လိမ့်မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos