တရားဟော 28:35 - မြန်မာ့စံမီသမ္မာကျမ်း35 ထာဝရဘုရားသည် ကုသ၍မရသော ဆိုးရွားသည့်အနာစိမ်းများဖြင့် သင့်ဒူး၊ သင့်ပေါင်တို့ကိုသာမက ခြေဖဝါးမှစ၍ ဦးခေါင်းတိုင်အောင် ဒဏ်ခတ်တော်မူမည်။ Ver CapítuloCommon Language Bible35 သင်တို့၏ခြေထောက်များတွင်နာကျင်၍ မပျောက်နိုင်သောအနာများပေါက်လိမ့်မည်။ သင်၏တစ်ကိုယ်လုံးတွင်အနာစိမ်းများ ပေါက်လိမ့်မည်။ Ver CapítuloGarrad Bible35 ထာ ဝ ရ ဘု ရား သည် သင် တို့ ဒူး နှင့် ခြေ သ လုံး များ ပြင်၊ ခြေ ဖ ဝါး မှ ဦး ထိပ် တိုင် အောင်၊ ကု သ၍ မ ရ သော အ နာ ဆိုး ဘေး ကို သင့် စေ တော် မူ လ တ္တံ့။ Ver CapítuloJudson Bible35 ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဖဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင်သောအနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။ Ver Capítulo |