Biblia Todo Logo
La Biblia Online
- Anuncios -




တ​ရား​ဟော 28:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သင့်​ဦးခေါင်း​အထက်​ရှိ​မိုးကောင်းကင်​သည် ကြေးနီ​ကဲ့သို့​လည်းကောင်း​၊ သင့်​အောက်​ရှိ​မြေ​သည် သံ​ကဲ့သို့​လည်းကောင်း ဖြစ်​မည်​။

Ver Capítulo Copiar

Common Language Bible

23 မိုး​မ​ရွာ​သ​ဖြင့်​သင်​တို့​၏​မြေ​သည်​သံ ကဲ့​သို့​မာ​ကျော​လာ​လိမ့်​မည်။-

Ver Capítulo Copiar

Garrad Bible

23 သင် တို့ ဦး ခေါင်း ထက် ရှိ မိုး ပြင် သည် ကြေး ကဲ့ သို့လည်း ကောင်း၊ အောက် ရှိ မြေ ပြင် သည် သံ ကဲ့ သို့လည်း ကောင်း၊ ဖြစ် လျက်၊

Ver Capítulo Copiar

Judson Bible

23 သင့်​ခေါင်း​ပေါ်​မှာ မိုး​ကောင်း​ကင်​သည် ကြေး​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ သင့်​အောက်၌ မြေ​သည် သံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

Ver Capítulo Copiar




တ​ရား​ဟော 28:23
8 Referencias Cruzadas  

ဂိလဒ်​ပြည်​ရှိ တိရှဘိ​မြို့သား​ဧလိယ​က အာဟပ်​မင်းကြီး​အား “​ငါ​ကိုးကွယ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​နှစ်​များ​အတွင်း ငါ​အမိန့်​မ​ပေး​ဘဲ မိုး​မ​ရွာ​၊ နှင်း​မ​ကျ​စေ​ရ​”​ဟု ဆို​၏​။


ထို့ကြောင့် ဧလိယ​သည် အာဟပ်​မင်းကြီး​ထံ ကိုယ်တိုင်​သွား​လေ​၏​။ ထိုစဉ်က ရှမာရိ​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြီး ဆိုက်ရောက်​နေ​၏​။


ငါ​သည် သင်​တို့​၏​မာန​တန်ခိုး​ကို​ချိုး​၍ သင်​တို့​၏​မိုးကောင်းကင်​ကို သံ​ကဲ့သို့​လည်းကောင်း​၊ သင်​တို့​၏​မြေ​ကို ကြေးဝါ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​မည်​။


“ငါ​သည် ရိတ်သိမ်း​ချိန်​မ​ရောက်​မီ​သုံး​လ​အတွင်း သင်​တို့​အတွက် မိုး​ကို​မ​ရွာ​စေ​ခဲ့​။ တစ်​မြို့​တွင် မိုးရွာ​စေ​ပြီး အခြား​တစ်​မြို့​တွင် မိုးခေါင်​စေ​၏​။ လယ်မြေ​တစ်​ကွက်​တွင် မိုးရွာ​စေ​ပြီး အခြား​တစ်​ကွက်​တွင် မိုးခေါင်​၍ ခြောက်သွေ့​စေ​၏​။


ထို့ကြောင့် သင်​တို့​အဖို့ မိုး​နှင်း​မကျ​။ မြေကြီး​လည်း အသီးအနှံ မ​ဖြစ်ထွန်း​။


ထာဝရဘုရား​သည် သင့်​ကို အဆုတ်ရောဂါ​ဖြစ်​ခြင်း​၊ ဖျားနာ​ခြင်း​၊ ရောင်ရမ်း​ခြင်း​၊ အဖျားကြီး​ခြင်း​၊ မိုးခေါင်​ခြင်း​၊ လောင်မီးပိုးကျ​ခြင်း​၊ မှိုစွဲ​ခြင်း​တို့​ဖြင့် ဒဏ်ခတ်​တော်မူ​မည်​။ သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း ထို​ဘေး​တို့​သည် သင့်​ကို​လိုက်​လိမ့်မည်​။


ထာဝရဘုရား​သည် သင့်​ပြည်​၌​ရွာ​သော​မိုး​ကို ဖုန်မှုန့်​၊ မြေမှုန့် ဖြစ်​စေ​တော်မူ​၍ သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း သင့်​အပေါ် မိုးကောင်းကင်​မှ ဖုန်မှုန့်​မိုး​၊ မြေမှုန့်​မိုး​ရွာကျ​စေ​တော်မူ​မည်​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos