တရားဟော 27:3 - မြန်မာ့စံမီသမ္မာကျမ်း3 သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော နို့နှင့်ပျားရည်စီးသောပြည်သို့ဝင်ရောက်သောအခါ ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရေးသားထားရမည်။ Ver CapítuloCommon Language Bible3 ထိုကျောက်တုံးများပေါ်တွင် ဤပညတ်များ နှင့်သွန်သင်ချက်ရှိသမျှတို့ကိုရေးထား ရမည်။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည့်အတိုင်း ယော်ဒန်မြစ်တစ်ဖက်ကမ်းသို့သင်တို့ကူး ပြီးနောက် အစာရေစာပေါကြွယ်ဝသော ပြည်သို့ရောက်ရှိကြသောအခါ၊- Ver CapítuloJudson Bible3 ဘိုးဘေးတို့ ကိုးကွယ်သောဘုရားသခင် ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း သင့်အားပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရားစကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။ Ver Capítulo |
အီဂျစ်ပြည်မှထွက်လာသော အစ္စရေးလူမျိုးစစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏စကားတော်ကို မနာခံသောကြောင့် ထိုပြည်ကို ငါတို့အား ပေးမည်ဟု ဘိုးဘေးတို့အားထာဝရဘုရားကျိန်ဆိုတော်မူခဲ့သော်လည်း နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့မြင်ရတော့မည်မဟုတ်ဟု ထာဝရဘုရားကျိန်ဆိုတော်မူ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံးလှည့်လည်၍ သေကြကုန်၏။