တရားဟော 26:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထာဝရဘုရားသည် သင်၏ဘုရားသခင်ဖြစ်တော်မူ၏၊ ကိုယ်တော်၏လမ်းတော်များ၌လျှောက်လှမ်း၍ ကိုယ်တော်၏ပြဋ္ဌာန်းချက်များ၊ ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းပါမည်၊ ကိုယ်တော်၏စကားတော်များကို နားထောင်ပါမည်ဟု ယနေ့ သင်ဝန်ခံလေပြီ။ Ver CapítuloCommon Language Bible17 ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်သည်ဟုယနေ့သင်ဝန်ခံပြီ။ သင်တို့ သည်ဘုရားသခင်၏စကားကိုနားထောင် ရန်လည်းကောင်း၊ ပညတ်တော်ရှိသမျှကို စောင့်ထိန်းရန်လည်းကောင်း၊ မိန့်မှာတော်မူ သမျှကိုလိုက်နာရန်လည်းကောင်းကတိ ပေးခဲ့ပြီ။- Ver CapítuloGarrad Bible17 ထာ ဝ ရ ဘု ရား သည် ကိုယ့် ဘု ရား သ ခင် ဖြစ် တော် မူ ကြောင်း ကိုလည်း ကောင်း၊ နည်း လမ်း တော် များ၌ လိုက် လျှောက် လျက်၊ ထုံး ဖွဲ့ မိန့် မှာ ဆုံး ဖြတ် တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ဗျာ ဒိတ် တော် သံ နား ထောင် မည့် အ ကြောင်း ကိုလည်း ကောင်း၊ ယ နေ့ သင် တို့ ဝန် ခံ ကြ ပြီ။ Ver CapítuloJudson Bible17 ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍လည်းကောင်း၊ လမ်းတော်သို့ လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့်ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ၍လည်းကောင်း ယနေ့သင်သည် ဝန်ခံပြီ။ Ver Capítulo |
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်သည် အသက်ရှင်၍တိုးပွားမည့်အကြောင်း၊ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူမည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ လမ်းတော်သို့လိုက်လျက် ကိုယ်တော်၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်ဟု ယနေ့ သင့်အား ငါမှာကြား၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ရမည်၊ တရားလမ်းတော်ရှိသမျှအတိုင်းလိုက်လျှောက်ရမည်၊ ပညတ်တော်များကိုစောင့်ထိန်းရမည်၊ ကိုယ်တော်၌ဆည်းကပ်ရမည်၊ သင်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုရမည်ဟူ၍ သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေမိန့်မှာထားသည့် ပညတ်တော်၊ တရားတော်တို့ကိုစောင့်ထိန်းမည့်အကြောင်း အထူးသတိပြုကြလော့”ဟု မှာကြားလေ၏။