တရားဟော 23:23 - မြန်မာ့စံမီသမ္မာကျမ်း23 သင်၏ဘုရားသခင်ထာဝရဘုရားအား သင့်ဆန္ဒရှိ၍ သင့်နှုတ်ဖြင့်ကတိသစ္စာပြုခဲ့သည့်အတိုင်း ထိုနှုတ်ထွက်ကတိသစ္စာကို ကြိုးစားလုပ်ဆောင်ရမည်။ Ver CapítuloCommon Language Bible23 သို့ရာတွင်မိမိ၏ဆန္ဒအလျောက်ကတိသစ္စာ ထားလျှင် ထိုကတိအတိုင်းတည်စေရမည်။ Ver CapítuloJudson Bible23 သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားအား ကိုယ်အလိုအလျောက် သစ္စာကတိထား၍၊ ကိုယ်နှုတ်နှင့်မြွက်ဆိုသော စကားကိုတည်စေ၍၊ ကတိရှိသည်အတိုင်းပြုရမည်။ Ver Capítulo |
ငါတို့ပြောထားသည့်အတိုင်း ငါတို့ဆက်ဆက်ပြုမည်။ ငါတို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများက ယုဒမြို့ရွာများ၊ ဂျေရုဆလင်မြို့လမ်းများတွင် ပြုခဲ့ကြသည့်အတိုင်း ကောင်းကင်မိဖုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်မည်။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်။ ထိုစဉ်က ငါတို့ ဝလင်စွာစားရ၏။ ကောင်းစားခဲ့၏။ ဘေးအန္တရာယ်နှင့်မကြုံရ။
သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။