တရားဟော 23:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကယ်နုတ်ရန်၊ သင်၏ရန်သူတို့ကို သင့်လက်သို့အပ်ရန် သင်၏တပ်စခန်းထဲ၌ သွားလာတော်မူသည်ဖြစ်၍ သင်၏တပ်စခန်းသည် သန့်ရှင်းရမည်။ သို့မဟုတ်လျှင် ကိုယ်တော်သည် သင့်ထဲ၌ ညစ်ညူးသောအရာကိုတွေ့မြင်တော်မူသဖြင့် သင့်ထံမှ လွှဲရှောင်တော်မူလိမ့်မည်။ Ver CapítuloCommon Language Bible14 သင်တို့ကိုကာကွယ်လျက်သင်တို့အားအောင် ပွဲခံစေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် တပ်စခန်းတွင်သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ တပ်စခန်းကိုဘာသာ ရေးထုံးနည်းအရသန့်ရှင်းစွာထားရကြမည်။ ထာဝရဘုရားသည် သင်တို့အားမစွန့်မပယ် စေရန်မသန့်ရှင်းသောအမှုဟူသမျှကို မပြုလုပ်ရ။ Ver CapítuloJudson Bible14 အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုကယ်တင်၍ ရန်သူတို့ကို သင့်လက်၌အပ်ခြင်းငှာ၊ သင်၏တပ်ထဲမှာ သွားလာတော်မူ၏။ ထိုကြောင့်၊ သင့်အထဲ၌ မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမြင်၍ သင်မှ ရှောင်သွားတော်မမူမည်အကြောင်း၊ သင်၏တပ်သည် သန့်ရှင်းရမည်။ Ver Capítulo |
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။