တရားဟော 22:22 - မြန်မာ့စံမီသမ္မာကျမ်း22 ယောက်ျားတစ်ယောက်သည် လင်ယောက်ျားရှိသောမိန်းမနှင့်အိပ်နေသည်ကို တွေ့မိလျှင် ယောက်ျားနှင့်မိန်းမ နှစ်ဦးစလုံး အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။ Ver CapítuloCommon Language Bible22 ``ယောကျာ်းတစ်ယောက်ကလင်ရှိမယားတစ် ဦးနှင့် ကာမစပ်ယှက်နေသည်ကိုမိလျှင် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်သင်တို့သည်ဤဒုစရိုက်ကို ဖယ်ရှားနိုင်ကြမည်။ Ver CapítuloGarrad Bible22 အ ကယ်၍ လူ တစ် ဦး သည်၊ ကာ မ ပိုင် လင် ရှိ မိန်း မ နှင့် ဆက် ဆံ သည် ကို တွေ့ မိ လျှင်၊ ယောက်ျား မိန်း မ နှစ် ဦး လုံး သေ ဒဏ် ခံ ကြ စေ။ သို့ မှ ဣ သ ရေ လ လူ မျိုး တွင် ရှိ သော ဆိုး သွမ်း ခြင်း ကို ကျွမ်း လောင် ရာ ရောက် လိမ့် မည်။ Ver CapítuloJudson Bible22 လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောက်ျားနှင့် မိန်းမနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည်။ Ver Capítulo |