တရားဟော 21:14 - မြန်မာ့စံမီသမ္မာကျမ်း14 သင်သည် သူ့ကိုမနှစ်သက်တော့လျှင် သူ့ဆန္ဒအတိုင်း သူ့ကိုထွက်သွားခွင့်ပေးရမည်။ သို့သော် သင်သည် သူ့ကိုအသရေညှိုးနွမ်းစေပြီဖြစ်၍ သူ့ကို ငွေဖြင့် လုံးဝမရောင်းရ၊ ကျွန်မပြုရ။ Ver CapítuloCommon Language Bible14 ထို့နောက်သင်သည်သူ့ကိုမယားအဖြစ်သိမ်း ပိုက်နိုင်သည်။ နောင်အခါသူနှင့်မပေါင်းသင်း လိုလျှင် လွတ်လပ်စွာသွားခွင့်ပြုရမည်။ သင် သည်သူ့အားမယားအဖြစ်အတင်းအဋ္ဌမ္မ သိမ်းပိုက်ခဲ့သည်ဖြစ်သောကြောင့် ကျွန်အဖြစ် မစေစားရ။ ငွေနှင့်လည်းမရောင်းရ။'' Ver CapítuloGarrad Bible14 ထို မိန်း မ အား စိတ် ကုန် လျှင်၊ ရှုတ် ချ ခဲ့ သည် ကို ထောက်၍၊ ကျွန် စေ စား ခြင်း၊ ရောင်း ခြင်း မ ပြု ဘဲ အ လို အ လျောက် ထွက် သွား စေ။ Ver CapítuloJudson Bible14 နောက်တစ်ဖန် သူ့ကိုမချစ်လျှင်၊ သူ့အလိုအလျောက် သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချသောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။ Ver Capítulo |
သူတို့နှစ်ဦးစလုံးကို ထိုမြို့တံခါးသို့ ခေါ်သွား၍ ခဲနှင့် အသေပေါက်သတ်ရမည်။ မြို့ထဲ၌ဖြစ်သည်ကိုပင် ထိုမိန်းကလေးသည် အော်ဟစ်အကူအညီမတောင်း၊ ထိုယောက်ျားသည်လည်း မိမိအိမ်နီးချင်း၏မယားကို ကာမကျူးလွန်သောကြောင့် အသတ်ခံရခြင်းဖြစ်၏။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။