တရားဟော 2:12 - မြန်မာ့စံမီသမ္မာကျမ်း12 ယခင်က စိရပြည်၌ ဟောရိလူမျိုးတို့ နေထိုင်ကြ၏။ အစ္စရေးလူမျိုးတို့သည် မိမိတို့အား ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်ကိုပြုသကဲ့သို့ ဧသောသားမြေးတို့သည်လည်း ဟောရိပြည်ကိုသိမ်းပိုက်၍ ဟောရိလူမျိုးတို့ကို မိမိတို့ရှေ့မှောက်မှ သုတ်သင်ပယ်ရှင်းကာ သူတို့၏နေရာ၌ နေထိုင်ကြ၏။) Ver CapítuloCommon Language Bible12 ရှေးအခါကဧဒုံပြည်တွင်ဟောရိအမျိုး သားတို့နေထိုင်ခဲ့ကြသော်လည်း နောင်အခါ ၌ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားပေးတော်မူသောပြည်မှ ရန်သူများ ကိုမောင်းထုတ်သကဲ့သို့ ဧသော၏အဆက် အနွယ်တို့သည်ထိုသူတို့ကိုမောင်းထုတ် ပြီးလျှင် ထိုအရပ်၌အခြေချနေထိုင် ကြသည်။) Ver CapítuloGarrad Bible12 ရှေး ကာ လ၌ စိ ရ တောင် တွင် ဟော ရိ လူ မျိုး နေ ထိုင် ကြ သော် လည်း ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည် ကို ဣ သ ရေ လ လူ မျိုး ပြု သည့် နည်း တူ၊ ဧ သော့ အ မျိုး သား တို့ သည်၊ ဆို ခဲ့ သော လူ မျိုး ကို ပယ် ရှား လျက် ပြည် ကို အ ပိုင် ရ၍ နေ ရာ ကျ ကြ သ တည်း။ Ver CapítuloJudson Bible12 ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည်မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။ Ver Capítulo |