တရားဟော 19:19 - မြန်မာ့စံမီသမ္မာကျမ်း19 သူသည် သူ၏ညီအစ်ကိုအား မကောင်းကြံစည်ခဲ့သည့်အတိုင်း သူ့အား ပြန်ပြုရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှ ဖယ်ရှားပစ်ရမည်။ Ver CapítuloCommon Language Bible19 အစွပ်စွဲခံရသူခံရမည့်အပြစ်ဒဏ်ကိုသူ့ အားခံစေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ထိုသို့သောဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။- Ver CapítuloGarrad Bible19-21 မျက် စောင်း နှင့် မ ညှာ တာ ဘဲ ဆွေ မျိုး သား ချင်း တို့ အား ပြု ရန် ကြံ စည် သည့် အ လျောက် အ သက် အ စား အ သက်၊ မျက် စိ အ စား မျက် စိ၊ သွား အ စား သွား၊ လက် အ စား လက်၊ ခြေ အ စား ခြေ ကို ဒဏ် ခတ် စေ။ သို့ မှ သင် တို့ ဘောင် တွင် ရှိ သော ဆိုး သွမ်း ခြင်း ကို ကျွမ်း လောင် ရာ ရောက် သ ဖြင့်၊ ကျန် လူ တို့ လည်း ကြား သိ ကြောက် ရွံ့ လျက်၊ ထို ဆိုး သွမ်း မှု အ လိုက် ပြု တော့ မည် မ ဟုတ် ချေ။ Ver CapítuloJudson Bible19 မိမိအဖော်၌ပြုမည်ဟု အကြံရှိသည်အတိုင်း သူ၌ပြုရမည်။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ပယ်ရှားရမည်။ Ver Capítulo |
ရှင်ဘုရင်သည် ဒံယေလအား စွပ်စွဲခဲ့သောသူတို့ကို ခေါ်ဆောင်လာစေ၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသူတို့ကို သားသမီး၊ ဇနီးများနှင့်တကွ ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ရာ တွင်းအောက်ခြေမရောက်မီပင် ခြင်္သေ့တို့သည် သူတို့ကို ခုန်အုပ်၍အရိုးပါမကျန် ချိုးဖဲ့ကိုက်စားကြလေ၏။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။
သူတို့နှစ်ဦးစလုံးကို ထိုမြို့တံခါးသို့ ခေါ်သွား၍ ခဲနှင့် အသေပေါက်သတ်ရမည်။ မြို့ထဲ၌ဖြစ်သည်ကိုပင် ထိုမိန်းကလေးသည် အော်ဟစ်အကူအညီမတောင်း၊ ထိုယောက်ျားသည်လည်း မိမိအိမ်နီးချင်း၏မယားကို ကာမကျူးလွန်သောကြောင့် အသတ်ခံရခြင်းဖြစ်၏။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။