တရားဟော 18:9 - မြန်မာ့စံမီသမ္မာကျမ်း9 သင်၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ သင်ဝင်ရောက်သောအခါ ထိုလူမျိုးတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များကို မလိုက်နာရ၊ မသင်ယူရ။ Ver CapítuloCommon Language Bible9 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်သို့ရောက်ရှိကြ သောအခါ သင်တို့သည်ထိုပြည်တွင်နေထိုင် သည့် လူမျိုးတို့၏ရွံရှာဖွယ်သောအလေ့ အကျင့်များကိုမကျင့်ကြနှင့်။- Ver CapítuloGarrad Bible9 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် သို့ ဝင် ရောက် ကြ ပြီး လျှင်၊ တိုင်း ရင်း သား မျိုး ခြား တို့ ရွံ ရှာ ဖွယ် ဓ လေ့ အ တိုင်း မ ပြု ကျင့်၊ မ လေ့ လာ နှင့်။ Ver CapítuloJudson Bible9 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌နေသော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုခြင်းငှာ မသင်ရ။ Ver Capítulo |
ထို့ကြောင့် သင်တို့ရှေ့၌ရှိသောသူတို့ပြုကျင့်ကြသည့် စက်ဆုပ်ရွံရှာဖွယ်ဓလေ့စရိုက်တို့ကိုမပြုကျင့်မိရန် သင်တို့သည် ငါ၏ညွှန်ကြားချက်ကိုစောင့်ထိန်းရမည်။ ထိုဓလေ့စရိုက်တို့အားဖြင့် သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှောက်မှနှင်ထုတ်တော်မူသောအခါ သင့်စိတ်ထဲ၌ ‘ထာဝရဘုရားသည် ငါ၏ဖြောင့်မတ်ခြင်းကြောင့် ဤပြည်ကိုပိုင်ဆိုင်ရန် ငါ့ကိုပို့ဆောင်တော်မူ၏’ဟု မအောက်မေ့ရ။ ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သူတို့၏ဆိုးယုတ်မှုကြောင့် သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
သင်၏ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်သဘောဖြောင့်မှန်ခြင်းတို့ကြောင့် သင်သည် သူတို့၏ပြည်ကို ဝင်ရောက်ပိုင်ဆိုင်ရခြင်း မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤလူမျိုးတို့၏ဆိုးယုတ်မှုကြောင့်လည်းကောင်း၊ သင့်ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်စကားတော်ကို တည်စေရန်အတွက်လည်းကောင်း သူတို့ကို သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။