Biblia Todo Logo
La Biblia Online
- Anuncios -




တ​ရား​ဟော 18:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ဟောရပ်​တောင်​၌ စုဝေး​သော​နေ့​တွင် သင်​က ‘​အကျွန်ုပ်​မ​သေ​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို ထပ်၍​မ​ကြား​ရ​ပါစေ​နှင့်​။ ဤ​မီးတောက်​ကြီး​ကို​လည်း ထပ်၍​မ​မြင်​ရ​ပါစေ​နှင့်​’​ဟု သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တောင်းလျှောက်​ခဲ့​သည့်​အတိုင်း

Ver Capítulo Copiar

Common Language Bible

16 ``သင်​တို့​သည်​သိ​နာ​တောင်​တွင်​စု​ရုံး​ရောက် ရှိ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​သံ ကို​နောက်​တစ်​ဖန်​မ​ကြား​ပါ​ရ​စေ​နှင့်။ မီး​လျှံ ကြီး​ကို​လည်း နောက်​တစ်​ဖန်​မ​မြင်​ပါ​ရ​စေ နှင့်​ဟူ​၍​တောင်း​ပန်​ခဲ့​ကြ​၏။ ကိုယ်​တော်​၏ အ​သံ​တော်​နှင့်​မီး​လျှံ​ကို​ကြား​ရ​မြင်​ရ လျှင် သင်​တို့​သေ​မည်​ကို​စိုး​ရိမ်​သော​ကြောင့် ယင်း​သို့​တောင်း​ပန်​ခြင်း​ဖြစ်​၏။-

Ver Capítulo Copiar

Garrad Bible

16 ဟော ရပ် တောင် မှ စည်း ဝေး ကြ သည့် နေ့ ရက် တော်၌၊ သင် တို့ က၊ သေ ဘေး နှင့် ကင်း လွတ် ကြ ရန်၊ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် သံ ကို ထပ် မံ မ ကြား ဝံ့။ ဤ မ ဟာ မီး တော် ကို လည်း ထပ် မံ မ ကြည့် ဝံ့ ပါ ဟု သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ တောင်း လျှောက် ကြ သည့် အ တိုင်း၊

Ver Capítulo Copiar

Judson Bible

16 ဟော​ရပ်​အ​ရပ်​တွင် စည်း​ဝေး​ကြ​သော​နေ့၌ သင်​က၊ နောက်​တစ်​ဖန် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​သံ​ကို မ​ကြား​ရ​ပါ​စေ​နှင့်။ ထို​ကြီး​စွာ​သော​မီး​ကို မ​မြင်​ရ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​သ​မျှ​အ​တိုင်း၊

Ver Capítulo Copiar




တ​ရား​ဟော 18:16
8 Referencias Cruzadas  

လူ​အပေါင်း​တို့​သည် မိုးချုန်းသံ​များ​နှင့်​တံပိုးမှုတ်သံ​ကို​ကြား​၍ လျှပ်စီး​များ​နှင့်​မီးခိုး​ထွက်​နေ​သော​တောင်​ကို တွေ့မြင်​ကြ​သောအခါ လူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​၍ အဝေး​၌​ရပ်​လျက်​နေ​ကြ​၏​။


ထို့နောက် သူ​တို့​က မောရှေ​အား “​သင်​သာလျှင် အကျွန်ုပ်​တို့​ကို​ဆင့်ဆို​ပါ​လော့​။ အကျွန်ုပ်​တို့​နားထောင်​ပါ​မည်​။ အကျွန်ုပ်​တို့​အား ဘုရားသခင် မိန့်ဆို​တော်​မ​မူ​ပါစေ​နှင့်​။ မိန့်ဆို​တော်မူ​လျှင် အကျွန်ုပ်​တို့​သေ​ကြ​ရ​ပါ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။


ထာဝရဘုရား​သည် လက်​တော်​ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​တော်မူ​၏​။ ထို့နောက် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​၏​နှုတ်ကပတ်တော်​ကို သင့်​နှုတ်​၌ ငါ​ထား​ပြီ​။


မောရှေ​က “​ဟောရပ်​တောင်​၌ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ငါ​တို့​အား ‘​သင်​တို့​သည် ဤ​တောင်​၌ ကြာမြင့်​စွာ​နေထိုင်​ကြ​ပြီ​။


သင်​တို့​စုဝေး​ခဲ့​သော​နေ့​၌ သင်​တို့​အား တောင်​ပေါ်တွင် မီး​ထဲ​မှ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့် ပညတ်တော်​ဆယ်​ပါး​ကို ယခင်​ကျောက်ပြား​၌​အက္ခရာတင်​ထား​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် ထို​ကျောက်ပြား​တို့​ပေါ်၌ အက္ခရာတင်​တော်မူ​ပြီးလျှင် ငါ့​အား​ပေး​တော်မူ​၏​။


ဘုရားသခင်​၏​လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​ကျောက်ပြား​နှစ်​ချပ်​ကို ထာဝရဘုရား​သည် ငါ့​အား ပေးအပ်​တော်မူ​၏​။ စုဝေး​ရာ​နေ့​၌ သင်​တို့​အား တောင်​ပေါ်တွင် မီး​ထဲ​မှ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​စကား​အလုံးစုံ​တို့​ကို ထို​ကျောက်ပြား​ပေါ်၌ အက္ခရာ​တင်ထား​၏​။


တံပိုးမှုတ်သံ​နှင့် နှုတ်ကပတ်တော်​အသံ​တို့​ရှိ​ရာ​တောင်​သို့ ချဉ်းကပ်​ကြ​သည်​မ​ဟုတ်။ ထို​အသံ​တော်​ကို​ကြား​ရ​သော​သူ​တို့​သည် မိမိ​တို့​အား ထပ်မံ​၍​မိန့်​တော်​မ​မူ​ရန် တောင်းပန်​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos