တရားဟော 17:15 - မြန်မာ့စံမီသမ္မာကျမ်း15 သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောသူကိုသာ သင့်ကိုအုပ်စိုးမည့်ဘုရင်အဖြစ် တင်မြှောက်ရမည်။ ဘုရင်အဖြစ် သင်တင်မြှောက်သောသူသည် သင်၏အမျိုးသားချင်းထဲမှဖြစ်ရမည်။ သင်၏အမျိုးသားချင်းမဟုတ်သော တစ်ပါးအမျိုးသားကို တင်မြှောက်ခွင့်မရှိ။ Ver CapítuloCommon Language Bible15 ထာဝရဘုရားရွေးချယ်တော်မူသောသူ ကိုသာဘုရင်တင်မြှောက်ရမည်။ သူသည် သင်တို့၏အမျိုးသားချင်းထဲမှဖြစ်ရ မည်။ လူမျိုးခြားကိုဘုရင်မတင်မြှောက်ရ။- Ver CapítuloGarrad Bible15 အ မျိုး မ တူ၊ တစ် ပါး အ မျိုး သား ဖြစ် သူ ကို မ မြှောက် ရ ဘဲ ဆွေ မျိုး သား ချင်း အ နက်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ အံ့ သော သူ့ ကို သာ၊ မင်း မြှောက် ကြ ရ မည်။ Ver CapítuloJudson Bible15 သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသားချင်းမဟုတ်သော တစ်ပါးအမျိုးသားကို မချီးမြှောက်ရ။ Ver Capítulo |
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
ရှမွေလအား “ကြည့်ရှုလော့။ ယခု အရှင် အသက်ကြီးပြီ။ အရှင့်သားတို့သည်လည်း အရှင်လျှောက်ခဲ့သည့်လမ်းအတိုင်း မလိုက်လျှောက်ကြပါ။ ထို့ကြောင့် လူမျိုးခြားအပေါင်းတို့နည်းတူ အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို အကျွန်ုပ်တို့အတွက် တင်မြှောက်ပေးပါလော့”ဟု ဆိုကြ၏။