Biblia Todo Logo
La Biblia Online
- Anuncios -




တ​ရား​ဟော 16:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သင်​သည် ရက်သတ္တပတ်​ခုနစ်​ပတ်​ကို မိမိဘာသာမိမိ​ရေတွက်​ရ​မည်​။ ကောက်ပဲသီးနှံ​စတင်​ရိတ်သိမ်း​ချိန်​မှ​စ၍ ရေတွက်​ရ​မည်​။

Ver Capítulo Copiar

Common Language Bible

9 ``ကောက်​ပင်​ကို​စ​တင်​ရိတ်​သည့်​အ​ချိန်​မှ​စ​၍ ရက်​သတ္တ​ခုနစ်​ပတ်​ရေ​တွက်​လော့။-

Ver Capítulo Copiar

Garrad Bible

9 စ ပါး ကို တံ စဉ် ကြော့ သည့် နေ့ က စ၍ ခု နစ် သိ တင်း ထိ ရေ တွက် သော်၊

Ver Capítulo Copiar

Judson Bible

9 စ​ပါး​ကို​ရိတ်​စ​ကာ​လ​နောက်၊ အ​ရေ​အ​တွက်​အား​ဖြင့် ခု​နစ်​သီ​တင်း​လွန်​မှ၊

Ver Capítulo Copiar




တ​ရား​ဟော 16:9
11 Referencias Cruzadas  

မောရှေ​၏​ပညတ်တော်​တွင်​ပါရှိ​သည့်​အတိုင်း နေ့စဉ်​ဆက်သ​နေ​သော​အလှူ​များ​၊ ဥပုသ်နေ့​၊ လဆန်းနေ့​တို့​တွင် ဆက်သ​သော​အလှူ​များ​၊ တစ်နှစ်​လျှင်​သုံး​ကြိမ်​ကျင်းပ​ရ​သော​ပွဲတော်​များ​ဖြစ်​သည့် တဆေးမဲ့မုန့်​ပွဲတော်​၊ ခုနစ်သီတင်း​ပွဲတော်​၊ ယာယီတဲစု​ပွဲတော်​တို့​တွင် ဆက်သ​သော​အလှူ​များ​ကို ပူဇော်​၏​။


လယ်ယာ​၌ သင်​မျိုးကြဲ​၍ ထွက်ရှိ​သော​အဦးဆုံးသီးနှံ​ရိတ်သိမ်း​ရာ​ပွဲ​ကို​လည်းကောင်း​၊ နှစ်​ကုန်​ချိန်​၌ လယ်ယာ​မှ​သီးနှံ​စုသိမ်း​သောအခါ စုသိမ်း​ရာ​ပွဲ​ကို​လည်းကောင်း ကျင်းပ​ရ​မည်​။


ဂျုံ​ရိတ်သိမ်း​ရာ​ကာလ​၏​အဦးဆုံးသီးနှံ​ဖြင့် ခုနစ်သီတင်း​မြောက်​ပွဲတော်​ကို​လည်းကောင်း​၊ နှစ်ဆန်း​၌ စုသိမ်း​ရာ​ပွဲတော်​ကို​လည်းကောင်း သင်​ကျင်းပ​ရ​မည်​။


ပင်တေကုတ္တေ​ပွဲ​နေ့​ရောက်​သောအခါ ထို​သူ​အပေါင်း​တို့​သည် တစ်နေရာတည်း​၌ စုဝေး​နေ​ကြ​၏။


သို့သော် ပင်တေကုတ္တေ​ပွဲ​နေ့​တိုင်အောင် ဧဖက်​မြို့​၌ ငါ​နေ​ဦး​မည်။


သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သည်​နှင့်အညီ စေတနာ​အလျောက်​ပူဇော်​သော​လှူဖွယ်ဝတ္ထု​ကို ပေးလှူ​ခြင်း​ဖြင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ခုနစ်သီတင်း​မြောက်​ပွဲတော်​ကို ကျင်းပ​ရ​မည်​။


ယောက်ျား​အပေါင်း​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​၌​တစ်ကြိမ်​၊ ခုနစ်သီတင်း​မြောက်​ပွဲတော်​၌​တစ်ကြိမ်​၊ ယာယီတဲစု​ပွဲတော်​၌​တစ်ကြိမ် တစ်​နှစ်​လျှင်​သုံး​ကြိမ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ ထာဝရဘုရား​၏​ရှေ့​တော်​၌ မျက်နှာ​လာ​ပြ​ရ​မည်​။ ထာဝရဘုရား​၏​ရှေ့​တော်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။


ထို့ကြောင့် ငါ​တို့​သည် လွဲချော်​မ​သွား​ကြ​စေရန် ကြား​ရ​သော​အရာ​တို့​ကို အထူး​အာရုံစိုက်​ကြ​ရ​မည်။


ဤသို့ဖြင့် ရုသ​သည် မုယောစပါး​ရိတ်သိမ်း​ပြီး​ချိန်​၊ ဂျုံ​ရိတ်သိမ်း​ပြီး​ချိန်​အထိ ဗောဇ​၏​အစေအပါး​မိန်းကလေး​တို့​အနား​တွင် ကောက်သင်းကောက်​လေ​၏​။ ယောက္ခမ​နှင့်​လည်း အတူ​နေထိုင်​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos