တရားဟော 15:2 - မြန်မာ့စံမီသမ္မာကျမ်း
2 အကြွေးလျှော်ပစ်ခြင်းကား ဤသို့တည်း။ အကြွေးလျှော်ပစ်ခြင်းကိုပြုရန် ထာဝရဘုရားမိန့်မှာထားသည်ဖြစ်၍ မိမိအိမ်နီးချင်းအား ချေးငှားပေးထားသည့်ကြွေးရှင်တိုင်းသည် အကြွေးကိုလျှော်ပစ်ရမည်။ မိမိအိမ်နီးချင်း၊ မိမိညီအစ်ကိုထံမှ အကြွေးပြန်မတောင်းရ။
Ver Capítulo Copiar
2 အကြွေးများကိုသင်ပုန်းချေပယ်ဖျက်နည်း ကားဤသို့တည်း။ ဣသရေလအမျိုးသားချင်း တစ်ဦးအားငွေချေးထားသူသည် ထိုအကြွေး ကိုသင်ပုန်းချေပယ်ဖျက်ရမည်။ ထာဝရဘုရား ကိုယ်တော်တိုင်သင်ပုန်းချေပယ်ဖျက်ကြောင်း ကြေညာပြီးဖြစ်သောကြောင့် အကြွေးကို ပြန်၍မတောင်းရ။-
Ver Capítulo Copiar
2 လွှတ်ခြင်းတရားဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည်ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်းကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ။
Ver Capítulo Copiar