တရားဟော 15:19 - မြန်မာ့စံမီသမ္မာကျမ်း19 သင်၏နွား၊ သင်၏သိုးတို့မှမွေးသော သားဦးအထီးရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းစေရမည်။ နွားသားဦးကို မခိုင်းရ။ သိုးသားဦးကို အမွေးမညှပ်ရ။ Ver CapítuloCommon Language Bible19 ``သင်တို့၏နွားနှင့်သိုးသားဦးပေါက်အထီး ဟူသမျှကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအတွက်သီးသန့်ထားရမည်။ နွားသား ဦးပေါက်များကိုမခိုင်းစေရ။ သိုးသားဦး ပေါက်များကိုလည်းအမွေးမညှပ်ရ။- Ver CapítuloGarrad Bible19 နွား၊ သိုး၊ ဆိတ် တို့ တွင် အ ဦး ဖွား သော အ ထီး ဟူ သ မျှ ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား ရ သည့် အ လျောက် ထို နွား ကို စေ စား ခြင်း၊ ထို သိုး ဆိတ် ကို အ မွေး ညှပ် ခြင်း မ ပြု ဘဲ၊ Ver CapítuloJudson Bible19 သင်၏သိုးနွားတို့တွင် အဦးဖွားသော အထီးရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းစေရမည်။ အဦးဖွားသောနွား၊ အဦးဖွားသောသိုးကို မသုံးဆောင်ရ။ Ver Capítulo |
အကြောင်းမူကား သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် ငါသည် အစ္စရေးလူမျိုးတို့ထဲမှ လူမှစ၍ တိရစ္ဆာန်၏သားဦးရှိသမျှတို့ကို ငါ့အဖို့ သန့်ရှင်းစေခဲ့သောကြောင့် သူတို့သည် ငါ့အပိုင်ဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ကိုယ်တော်၏ရှေ့တော်၌ စားရမည်။ ဤသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကြောက်ရွံ့မည့်အကြောင်း သင်ယူခြင်းဖြစ်၏။
ထိုသူသည် သူရင်းငှား၏လုပ်အားခနှစ်ဆဖြင့် သင့်ကို ခြောက်နှစ်ကျွန်ခံခဲ့ပြီဖြစ်သောကြောင့် သင်သည် ထိုသူကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုရမည်ကို ခက်ခဲသည်ဟု မထင်နှင့်။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်ကိုကောင်းချီးပေးတော်မူမည်။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။