တရားဟော 12:28 - မြန်မာ့စံမီသမ္မာကျမ်း28 သင်မှစ၍ နောင်လာမည့် သင်၏သားမြေးတို့ အစဉ်ကောင်းစားမည့်အကြောင်း သင့်အား ငါမှာကြားထားသော ဤစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလော့။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မှန်သောအမှုတို့ကိုပြုခြင်းဖြစ်၏။ Ver CapítuloCommon Language Bible28 သင်တို့သည်ငါမှာကြားသမျှတို့ကိုတစ် သဝေမတိမ်းလိုက်နာကြခြင်းအားဖြင့် သင် တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော် တွင်မှန်ကန်သောအမှု၊ နှစ်သက်တော်မူဖွယ် သောအမှုကိုပြုကြသောကြောင့် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည် အစဉ် အမြဲချမ်းသာစွာနေထိုင်ရကြလိမ့်မည်။'' Ver CapítuloGarrad Bible28 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင်၊ ဖြောင့် မှန် သင့် လျော် စွာ ပြု ကျင့် ကြ သည့် အ လျောက်၊ သင် တို့ မှ စ၍ သား စဉ် မြေး ဆက် တို့ ပါ၊ အ စဉ် ကောင်း စား ကြ အံ့ သော ငှါ ငါ ဆင့် ဆို သ မျှ သော ဤ အ ချက် များ ကို နာ ယူ စောင့် ရှောက် ကြ လော့။ Ver CapítuloJudson Bible28 သင်၏ ဘုရားသခင်ထာဝရဘုရား နှစ်သက်မြတ်နိုးတော်မူဖွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကားတို့ကိုစေ့စေ့နားထောင်၍ စောင့်ရှောက်လော့။ Ver Capítulo |
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။