တရားဟော 12:21 - မြန်မာ့စံမီသမ္မာကျမ်း
21 နာမတော်တည်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသည် သင်နှင့်ဝေးလွန်းလျှင် သင့်ကိုငါမှာကြားထားသည့်အတိုင်း သင့်အား ထာဝရဘုရားပေးတော်မူသော သင်၏နွား၊ သိုးတို့ကို သတ်၍ သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း သင်၏မြို့၌ စားခွင့်ရှိ၏။
Ver Capítulo Copiar
21 အကယ်၍ထာဝရဘုရားအားဝတ်ပြုရာ တစ်ခုတည်းသောဌာနသည် သင်တို့နှင့်ဝေး ကွာလွန်းလျှင်ငါမှာကြားထားသည့်အတိုင်း သင်တို့အလိုဆန္ဒရှိသောအခါထာဝရ ဘုရားပေးသနားတော်မူသောနွားသို့ မဟုတ်သိုးကိုသတ်၍ သင်တို့မြို့ရွာများ တွင်စားခွင့်ရှိသည်။-
Ver Capítulo Copiar
21-22 နာ မ တော် တည် ရန် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န ဝေး ကွာ သည် ဖြစ် က၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော နွား၊ သိုး၊ ဆိတ် တို့ အ နက် ငါ မိန့် မှာ ချက် အ တိုင်း၊ မြို့ ရွာ များ အ တွင်း စီ ရင် လျက်၊ သမင် ဒ ရယ် သား ကို စား ရ သည့် နည်း တူ၊ သင် တို့ မှ စ၍ မ သန့် သူ သန့် သူ တို့ ပါ ချင် ရဲ ပြေ အောင် စား ခွင့် ရှိ ကြ ၏။
Ver Capítulo Copiar
21 သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုတည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေးတော်မူသောသိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။
Ver Capítulo Copiar