တရားဟော 11:21 - မြန်မာ့စံမီသမ္မာကျမ်း21 သို့ပြုလျှင် ထာဝရဘုရားက ထိုပြည်ကို သင်တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်တို့၏နေ့ရက်၊ သင်တို့သားမြေးတို့၏နေ့ရက်သည် မြေကြီးအထက် ကောင်းကင်နေ့ရက်ကဲ့သို့ များပြားလိမ့်မည်။ Ver CapítuloCommon Language Bible21 သို့ပြုလျှင်သင်တို့နှင့်သင်တို့၏သားသမီး တို့သည် ဘုရားသခင်ထာဝရဘုရားက သင်တို့ ၏ဘိုးဘေးတို့အားပေးမည်ဟုကတိထားသော ပြည်၌ကြာရှည်စွာနေထိုင်ရလိမ့်မည်။ မြေပြင် အထက်မိုးကောင်းကင်တည်ရှိသမျှကာလ ပတ်လုံး သင်တို့သည်ထိုပြည်၌နေထိုင်ရကြ လိမ့်မည်။'' Ver CapítuloGarrad Bible21 သို့ မှ မြေ ကြီး အ ထက် ကောင်း ကင် နေ့ ရက် တာ ရှည် သည့် နည်း တူ၊ သင် တို့ နေ့ ရက် တာ နှင့် သား သ မီး တို့ နေ့ ရက် တာ သည် ပေး မည် ဟု ဘိုး ဘေး တို့ အား ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် တွင် ရှည် လျား လိမ့် မည်။ Ver CapítuloJudson Bible21 သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အားပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများအသက်တာသည်၊ ကောင်းကင်၌ အသက်တာရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။ Ver Capítulo |
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။